♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
နောက်တစ်နေ့မနက်တွင်နှင်းဖူးတို့Plakaသို့သွားကြသည်။
Plakaဆိုသည်မှာMilosကျွန်းပေါ်ရှိရွာကလေးတစ်ရွာဖြစ်ပြီးPolloniaမှကားဖြင့်သွားရင်(၁၃)မိနစ်လောက်သာ။
Milosကျွန်း၏မြို့တော်ဖြစ်သည်ကြောင့်ခရီးသွားများအကြားရေပန်းစား၏။
ကျွန်းပေါ်ရှိသက်တမ်းအကြာဆုံးအဆောက်အအုံများကိုဤရွာကလေး၌ရှာဖွေတွေ့ရှိခဲ့ကြသည်တဲ့။
Plakaသည်ကျွန်း၏သမိုင်းကြောင်းနေရာဖြစ်သည့်အလျောက်လည်ပတ်စရာအထင်ကရနေရာများလည်းပေါများလှသည်။ထို့ကြောင့်Plaka၌(၂)ရက်နေရန်နှင်းဖူးတို့ဆုံးဖြတ်လိုက်ကြသည်။
ဘုရားကျောင်းနှင့်ပြတိုက်များသောPlakaသည်နှင်းဖူးကိုအလွန်ပင်ဆွဲဆောင်နိုင်ပါ၏။
Plakaရှေးဟောင်းသုတေသနပြတိုက်
(၁၈)ရာစု၏နာမည်ကြီးဗိသုကာပညာရှင်Ernst Zillerရေးဆွဲထားခဲ့သည့်ရောမနှင့်ဂရိရှေးဟောင်းဂန္တဝင်ဗိသုကာပုံစံကိုအခြေခံ၍တည်ဆောက်ထား၏။
ရှေးဟောင်းပစ္စည်းအမြောက်အမြားပြသထားသော်လည်းနှင်းဖူးစိတ်နှလုံးကိုအဖမ်းစားနိုင်ဆုံးကတော့ယခုမြင်နေရသောကျောက်ဆစ်ရုပ်ပင်။
"ကိုကိုဒါကဘာလဲ" နှင်းဖူးအရှေ့ရှိကျောက်ဆစ်ရုပ်ကိုလက်ညှိုးထိုးပြလိုက်၏။
"Aphroditeရုပ်တု"
"နတ်ဘုရားAphrodite?"
"အင်း . . . ဒါကပုံတူပြန်လုပ်ထားတာ . . . မူရင်းရှာတွေ့တဲ့ဟာကပြင်သစ်Louvreပြတိုက်မှာ"
"ဒီကျွန်းမှာရှာတွေ့တာလား . . . မူရင်းရုပ်တုက"
"အင်း . . . 1820မှာလယ်သမားတစ်ယောက်ကတွေ့ပြီးပြင်သစ်သံအမတ်တစ်ယောက်ကိုသတင်းပို့လိုက်တာတဲ့ . . . အဲ့တာနဲ့ပြင်သစ်ဘုရင်Louis XVIIIကိုဆက်သဖို့ဆိုပြီးယူသွားရင်း . . . နောက်ဆုံးLouvreပြတိုက်ရောက်သွားတာ"
"ဪ"
Aphrodite။
ဂရိနတ်ဘုရားမ။
အချစ်၊တဏှာသာယာမှု၊အလှအပနှင့်မျိုးအောင်ခြင်းဆိုင်ရာနတ်ဘုရားမ။
![](https://img.wattpad.com/cover/289233813-288-k694433.jpg)
KAMU SEDANG MEMBACA
《 ALYA 》
Romansa•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...