28

7.8K 116 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕

ဆယ်ရက်တာမျှprivate game reserve lodge၌နေခဲ့ပြီးနောက်public safariအတွေ့အကြုံအသစ်ခံစားရန်နှင်းဖူးမစောင့်နိုင်တော့ပေ။

တစ်ရက်ကိုတိရစ္ဆာန်နည်းနည်းချင်းစီကြည့်ခဲ့တာတောင်ဆယ်ရက်နီးပါးနေ့စဉ်နှစ်ကြိမ်တိတိsafariခရီးစူးစမ်းခဲ့သည်ကြောင့်ဤprivate lodgeရှိနာမည်ကြီးနေရာအားလုံးတစ်ခုမကျန်ရောက်ရှိခဲ့သည်။

နှင်းဖူးတို့(၁၀)ရက်တာမျှနေခဲ့သည့်private lodgeနှင့်kruger national park၏ဝင်ပေါက်ဂိတ်(၁၁)ခုထဲမှတစ်ခုဖြစ်သည့်phabeni gateမှာကားဖြင့်သွားလျှင်တစ်နာရီကျော်နီးပါးကြာမြင့်သည်။

ထို့ကြောင့်phabeni gateနှင့်နီးသောဟိုတယ်တစ်ခု၌ပြောင်းရွေ့တည်းခိုရန်ဆုံးဖြတ်ဖြစ်ခဲ့ကြ၏။

"ကိုကို . . . နဂါးမောက်သီးဖျော်ရည်" ဟိုတယ်သို့သွားနေသောကားလမ်းမအထက်တွင်ဖြစ်သည်။

ယခုတည်းခိုမည့်ဟိုတယ်နှင့်phabeni gateမှာကားဖြင့်ဆိုရင်(၁၀)မိနစ်လောက်သာကြာမြင့်သည်ကြောင့်ထိုဟိုတယ်၌တည်းခိုရန်ရွေးချယ်ဖြစ်ခဲ့ကြခြင်း။

"လျှာတွေရဲနေပြီမသောက်နဲ့တော့"

မနက်နိုးနိုးချင်းတစ်ပုလင်း၊မနက်စာစားပြီးချိန်တစ်ပုလင်း၊အခုသောက်မှာနှင့်ဆို(၃)ပုလင်းဖြစ်နေပြီကြောင့်ကိုကိုတစ်ယောက်ဘာလို့တားနေလဲဆိုတာနားလည်ပါ၏။

သို့သော်နဂါးမောက်သီးမှာသဘာဝနည်းအတိုင်းသာဖျော်ထားသည်ကြောင့်စိုးရိမ်စရာမရှိပါ။

"သောက်ချင်လို့ . . . ကျေးဇူးပြုပြီး . . . နော်ကိုကို"

ငယ်စဉ်ကတည်းကအသီးဖျော်ရည်များသောက်ရတာနှစ်သက်သူဖြစ်သော်လည်းကိုယ်ဝန်ဆောင်ချိန်တွင်အသီးဖျော်ရည်တောင့်တမှုမှာပို၍အားကောင်းလာသည်။

"ညဘက်ထပ်မသောက်နဲ့တော့"

ခပ်တည်တည်ဖြင့်ပြောနေသောကို့ကို့ကိုနမ်းလိုက်ပြီးကမ်းပေးလာသောဖန်ပုလင်းထဲမှနဂါးမောက်သီးဖျော်ရည်ကိုသောက်နေလိုက်သည်။

"ကိုကို . . . မေ့မေ့ဆီFaceTimeခေါ်လိုက်"

ကားပေါ်၌wifiဝန်ဆောင်မှုပါသည်ကြောင့်အဆင်ပြေ၏။

《 ALYA 》Where stories live. Discover now