21

11.4K 186 4
                                        

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕

• agape island •

လူတချို့သိလိမ့်မည်။αγάπηဟူသောအသုံးအနှုန်း။

ဂရိလိုကားအချစ်ဟုအနက်အဓိပ္ပာယ်ရ၏။အတိအကျဆိုရရင်တစ်ကိုယ်ကောင်းမဆန်သောအချစ်။

ကျွန်းလေးကိုagapeဟုမှည့်တွင်ခဲ့သောကိုကိုသည်စိတ်ကူးယဉ်ဆန်သူဟုပြောရင်လည်းငြင်းပေဦးမည်။

နတ်သမီးပုံပြင်ဆန်သောအခိုက်အတန့်များကိုမျက်ဝါးထင်ထင်ကြုံတွေ့ရသောအခါဤသည်ကအိပ်မက်များလားဟုတွေးထင်မိကြလိမ့်မည်။

နှင်းဖူးအခုအဲ့လိုခံစားနေရတာ။

ကို့ကို့ဘက်မှကြိုတင်အသိပေးထားခဲ့၍မင်္ဂလာပွဲအခမ်းအနားကိုမြိတ်ကျွန်းစုများထဲရှိကျွန်းတစ်ခုပေါ်တွင်ကျင်းပမည်ဖြစ်ကြောင်းနှင်းဖူးသိခဲ့သည်။သို့သော်ဘယ်လိုပုံစံမျိုးကျင်းပမည်ဆိုတာတော့ကိုကိုကမသိစေခဲ့ဘဲမင်္ဂလာပွဲနေ့ကျမှအံ့အားသင့်စေရန်တမင်လျှို့ဝှက်ထားခဲ့လေ၏။

နောက်(၂)နာရီအကြာမင်္ဂလာပွဲစတော့မည်။

ထူးထူးခြားခြားတစ်ခုခုကျိန်းသေပေါက်လုပ်မည်ဆိုတာတော့နှင်းဖူးကြိုတင်မှန်းဆနိုင်ခဲ့သည်။သို့သော်ယခုမျက်စိရှေ့၌မြင်တွေ့နေရသောမြင်ကွင်းမှာမှန်းဆထားခဲ့သည့်နှင်းဖူးအတွက်ပင်ပါးစပ်အဟောင်းသားဖြစ်စေခဲ့၏။

ကို့ကို့စကားဖြင့်ဆိုရရင်ပြောက်ကျားနည်းဗျူဟာဆိုသည်မှာကို့ကို့အတွက်မဟုတ်။တရားဝင်ကြိုတင်အသိပေးပြီးမှတိုက်စစ်ဆင်ခြင်းသည်သာကို့ကို့ဗျူဟာ။

"တစ်ရာမှာဘယ်နှစ်မှတ်ပေးလဲ"

ကျွန်းတစ်ခုလုံးနီးပါးကိုဤမျှအိပ်မက်ဆန်အောင်ခြယ်မှုန်းထားသောဖန်တီးမှုအတွက်ပြင်ဆင်ချိန်ဘယ်လောက်များကြာခဲ့မည်လဲ။

ဉာဏ်စွမ်း၊ခွန်အားနှင့်ပညာရှင်များ၏အားထုတ်မှု။

ဤအပြင်အဆင်မျိုးကိုမှပြောင်မြောက်ထည်ဝါသည်ဟုမသတ်မှတ်ရင်ဘယ်လိုလက်ရာမျိုးကိုပြောင်မြောက်သည်ဟုသတ်မှတ်ရတော့မည်နည်း။

《 ALYA 》Tempat cerita menjadi hidup. Temukan sekarang