11

13.2K 264 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


ဟိုတယ်အခန်းထဲမှထွက်လိုက်လျှင်နေမင်းကြီးနှင့်ပင်လယ်ပြင်ကိုရှင်းလင်းစွာမြင်နိုင်သည်။

ညစာကိုroom serviceဖြင့်မှာပြီးနောက်ဝန်ထမ်း(၄)ဦးစားစရာများလာချလေသည်။ဟိုတယ်အခန်းအပြင်၌နေရာလပ်ရှိသည်ကြောင့်ထိုနေရာ၌လူနှစ်ယောက်စာစားပွဲပြင်ဆင်ကာစားစရာများကိုခင်းကျင်းနေကြသည်။

romantic dinnerဟုဆိုလိုက်လျှင်ဝိုင်ကမပါမဖြစ်။

ရိုးရိုးဝိုင်တောင်မဟုတ်။
အနီရောင်ဝိုင်။
ထိုထဲမှာမှနှင်းဖူးအကြိုက်ဆုံးကမက်မွန်ဝိုင်။
ကိုကိုကတော့အကြိုက်ဆုံးဟူ၍မရှိ။

နှင်းဖူးအတွက်စားဖွယ်(၄)မျိုးကvegan spaghetti။ရှောက်သံပုရာမုန်ညင်းစိမ်းရွက်pasta။dolmadesဟုခေါ်သောဂရိရိုးရာအစားအစာနှင့်minestrone soupတို့ဖြစ်သည်။

ကျန်(၃)မျိုးကိုစားဖူးသော်လည်းdolmandesကိုတော့အခုမှစားဖူးမှာဖြစ်သည်။

ဆေးရွက်ထဲမှာဂရိရိုးရာရှောက်ရနံ့ထမင်းကိုလိပ်ပြီးပေါင်းထားသည်။စပျစ်နွယ်ကလေးများကလည်းပန်းကန်ထဲတွင်အလှဆင်လျက်။အသားကြိုက်သူများအတွက်အသားထည့်စား၍ရသလို၊နှင်းဖူးလိုအသားမစားသောသူများအတွက်လည်းဒီအတိုင်းစား၍ရ၏။

ကိုကိုကတော့ထုံးစံအတိုင်း။

အမဲသားအလွန်ကြိုက်သူဖြစ်၍steakကတော့မပါမဖြစ်။အမဲနံရိုးကင်ကိုအပေါ်ကစားဖြူးထားသောsteakhouse-style rib eyes။souvlakiနှင့်အမဲလုံးspaghetti။စုစုပေါင်းဟင်းလျာ(၃)မျိုးမှာထားလေသည်။

souvlakiဟူသည်ဂရိရိုးရာဝက်သားကင်ကိုဂရိရိုးရာပီတာပေါင်မုန့်ထဲသို့ထည့်ကာဆလပ်ရွက်၊ခရမ်းချဉ််သီးများနှင့်လိပ်ပြီးtzatzikiဟုခေါ်သောဆော့စ်နှင့်တို့စားရသည့်ဟင်းလျာဖြစ်သည်။tzatzikiဆော့စ်မှာဒိန်ချဉ်၊ပူစီနံနှင့်သခွါးသီးတို့ရောနှောကာပြုလုပ်ထား၏။

ပင်လယ်လေတဖြူးဖြူးနှင့်နေဝင်ဆည်းဆာအလှကိုရှုစားရင်းညစာစားရသည်လောက်ဘယ်အရာကအေးချမ်းနိုင်မည်နည်း။အထူးသဖြင့်ညစာအတူစားနေသူမှာသင်သိပ်ချစ်ရသောအမျိုးသားတစ်ဦးဖြစ်နေခဲ့ရင်။

《 ALYA 》Where stories live. Discover now