♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
နောက်တစ်လနေရင်စျေးကွက်အတွင်းသို့ချပြမည့်အသက်(၃)နှစ်မှ(၉)နှစ်အတွင်းရှိကလေးငယ်များအတွက်အထူးသီးသန့်ရေးဆွဲထားသည့်creative thinkingနှင့်critical thinkingတိုးတက်စေမည့်ဦးနှောက်ပိုင်းဆိုင်ရာပညာရေးsoftware applicationတစ်ခုကိုနေသောလွင်စမ်းသပ်အသုံးပြုနေသည်။
ည(၁၂)နာရီကျော်နေပြီဖြစ်သည်ကြောင့်နှင်းဖူးတစ်ယောက်အိပ်သွားလေပြီ။သူသာအလုပ်များမပြီးပြတ်သေး၍။
နည်းပညာနယ်ပယ်မှလူတစ်ယောက်ဖြစ်သည်ကြောင့်mobile deviceများနှင့်အင်တာနက်၏ဘေးထွက်ဆိုးကျိုးများကိုသူကောင်းကောင်းနားလည်သည်။
mobile deviceများမှထုတ်လွှတ်သောလျှပ်စစ်လှိုင်းများသည်ဦးနှောက်ကိုထိခိုက်စေနိုင်သည်။သို့သော်သူတို့ရောက်နေသည်မှာ(၂၁)ရာစုဖြစ်သည်ကြောင့်နည်းပညာနှင့်လိုက်လျောညီထွေစွာနေနိုင်ရန်သာသင်ယူရမည်။
လုံးဝအသုံးမပြုရန်ထက်ဘယ်လိုလျော့သုံးရမလဲဆိုတာသာအဓိကဖြစ်နေပြီ။
အိမ်တွင်တော့နေသောလွင်စည်းကမ်းလုပ်ထား၏။ညအိပ်ချိန်တွင်အိပ်ခန်းထဲသို့မည်သည့်electronic deviceမှမယူဆောင်ရ။
နှင်းဖူးသည်အကျိုးအကြောင်းနားလည်သောကလေးဖြစ်သည်ကြောင့်သူတို့နှစ်ယောက်အတွက်တော့ဤစည်းကမ်းမှာအခက်အခဲမရှိ။
ညောင်းညာသောကြောင့်အကြောဆန့်ပြီးခုံနောက်သို့မှီထိုင်ကာခဏနားနေလိုက်သည်။
နှင်းဖူးသည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလုပ်ကိုင်နေသူဖြစ်သည်ကြောင့်နေသောလွင်တို့မိသားစုမျိုးရိုးပိုင်သတ္တုတူးဖော်ရေး၊စက်သုံးဆီ၊ကျောက်မျက်ရတနာလုပ်ငန်းများကိုမနှစ်သက်ပါ။နေသောလွင်ကိုယ်တိုင်သည်လည်းဤလုပ်ငန်းများကိုသဘောမကျ။
ထိုလုပ်ငန်းများကိုတစ်ခြားလုပ်ငန်းရှင်များဆီသို့ပြန်လည်ရောင်းချရန်ကြိုးစားခဲ့သည်မှာ(၂)နှစ်နီးပါးလောက်ကြာမြင့်ခဲ့ပြီ။
ယခုအခါလုပ်ငန်းအချို့ကျန်သေးသော်လည်းအများစုကိုတော့လွှဲပြောင်းရောင်းချပြီးသွားလေပြီ။
YOU ARE READING
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...