♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
Empire X Hotel, Naypyidaw
မီးရောင်ခပ်မှိန်မှိန်။လေထုမှာခပ်အေးအေး။
ဖွင့်ထားသောနောက်ခံသံစဉ်တီးလုံးလေးများမှာလည်းသဘာဝတောနက်လေးတစ်ခုထဲသို့ရောက်ရှိသွားသလိုခံစားချက်မျိုးဖြစ်ပေါ်စေသည်။
သစ်သားအမိုးတန်းလေးများအောက်မက်မွန်ပွင့်လေးများပြည့်နှက်နေသော(၈)ပေအရှည်ရှိမက်မွန်ကိုင်းတစ်ခုချင်းစီကိုအလျားလိုက်အနေထားဖြင့်လှပသေသပ်စွာချည်ထား၏။မက်မွန်ကိုင်းများနှင့်အတူသစ်ခွပန်းခက်အဖြူများ၊ပန်းနုရောင်ဂျူးလိယက်နှင်းဆီပွင့်များကိုလည်းရောယှက်ကာအလှဆင်ထားလျက်။
ပိတ်စအဖြူခင်းထားသောစားပွဲများအထက်၌ခပ်သေးသေးဖန်မီးလုံးလေးများကိုတင်ထား၏။
မီးလုံးလေးများ၏တစ်ဘက်တစ်ချက်ဆီ၌တော်ဝင်ဆန်ဆန်ဖယောင်းတိုင်ဖြူဖြူများနှင့်ပန်းနုရောင်ဂျူးလိယက်နှင်းဆီပွင့်ကလေးများကဝန်းကာခြံရံထားသည်။
လေးထောင့်စားပွဲအရှည်(၃)ခုနှင့်စားပွဲဝိုင်း(၇)ခုတိတိ။
ကြီးမားလှသောရေကူးကန်၏ဘေး၌တည်ခင်းထားသောဤအပြင်အဆင်မှာမှော်ဆန်ဆန်နတ်သမီးပုံပြင်တစ်ခုအလားထင်မှားရစေနိုင်သည်။
"ကိုကို"
နှင်းဖူးကိုဘာမှမပြောဘဲကိုကိုတစ်ယောက်ကျိတ်ပြီးပြင်ဆင်နေသောအစီအစဉ်မှာသူမ၏အသက်(၁၉)နှစ်ပြည့်မွေးနေ့ပွဲတဲ့လေ။
"ကြိုက်ရဲ့လား" လှိုင်းဝေ့ပါသောဆံပင်လေးကိုလှပစွာထုံးဖွဲ့ထားသောနှင်းဖူး၏ဆံနွယ်လေးများကိုကိုင်လျက်ကိုကိုမေးသည်။
"အရမ်း" ပါးချိုင့်လေးများပေါ်သည်အထိပြုံးလိုက်သည်။
"ဖူးကြိုက်ရင်အိမ်မှာဒီလိုလေးလုပ်ပေးမယ်လေ"
ရုပ်တည်တည်ဖြင့်သူမ၏နားရွက်လေးကိုကိုင်ကာပြောလိုက်သောကို့ကို့ကြောင့်နှင်းဖူးရယ်မိသွား၏။
ESTÁS LEYENDO
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...