3

12.6K 352 1
                                        

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


ဒူဘိုင်းနှင့်ရန်ကုန်မှာလေယာဉ်ဖြင့်သွားလျှင်အချိန်အားဖြင့်(၆)နာရီကျော်ကြာသည်။

မနက်ကတည်းကနေရတာမအီမသာခံစားချက်ကြောင့်နှင်းဖူးမျက်နှာမကောင်းပါ။

ဗိုက်ကတဆစ်ဆစ်ကိုက်လာပြီးမိန်းမကိုယ်နေရာ၌ချွဲကျိကျိဖြစ်လာသောကြောင့်နှင်းဖူးလန့်သွားသည်။အသက်(၁၄)နှစ်ကျော်ပြီဖြစ်သော်လည်းအခုချိန်ထိရာသီသွေးမပေါ်သေးပါ။

အတန်းထဲရှိရွယ်တူမိန်းကလေးများသည်အသက်(၁၁)၊(၁၂)လောက်ကတည်းကရာသီသွေးလာကြပြီဖြစ်သော်လည်းနှင်းဖူးမှာတော့အခုချိန်မတိုင်ခင်အထိထိုခံစားချက်ကိုမသိခဲ့။

first classတွင်ဖြစ်ပြီးခုံများမှာနှစ်ခုံတွဲအနေအထား။

ကိုကိုနှင့်နှင်းဖူးမှာအတူတူထိုင်ပြီးရေးရေးမှာတော့နှင်းဖူးတို့၏အနောက်ခုံတွဲတွင်ထိုင်လေသည်။

ရေးရေးကိုလှမ်းကြည့်လိုက်တော့ကို့ကို့လိုပဲsleeping maskတပ်ကာအိပ်နေ၏။

"ကိုကို" နောက်ဆုံးတော့ကို့ကို့ကိုနှိုးရန်သာနှင်းဖူးဆုံးဖြတ်လိုက်သည်။

တစ်ခါခေါ်တာထမလာသောကြောင့်ကို့ကို့၏ရှပ်အင်ကျီအစကိုဆွဲကာနောက်တစ်ကြိမ်ထပ်နှိုးလိုက်သည်။

"ဟင်" ကိုကိုတစ်ယောက်ရီဝေဝေမျက်ဝန်းများနှင့်နှင်းဖူးကိုကြည့်လာလေ၏။

ကျောင်းသွားတိုင်းမေမေသည်ကျောင်းလွယ်အိတ်ထဲ၌period underwearတစ်ခုအမြဲထည့်ပေးလေ့ရှိသည်။

သို့သော်။ယခုနှင်းဖူးတို့မှာဒူဘိုင်းသို့သွားနေခြင်း။

မေမေသည်လည်းperiod underwearထည့်ပေးလိုက်ဖို့သတိမရသလိုနှင်းဖူးသည်လည်းမေ့လျော့နေခဲ့၏။

"ဟင့်" ဘာလုပ်ရမလဲမသိတော့တာကြောင့်မျက်ရည်လေးများဝဲတက်လာသည်။

"ဘာဖြစ်တာလဲ" ကိုကိုသည်အိပ်ချင်မူးတူးဖြစ်နေရာမှချက်ချင်းမျက်လုံးပြူးသွားလေသည်။

ကို့ကို့ကိုမျက်လုံးနီများဖြင့်သာကြည့်ပြီးနှုတ်ခမ်းစေ့လျက်တရှုံ့ရှုံ့သာငိုနေမိ၏။

《 ALYA 》Tempat cerita menjadi hidup. Temukan sekarang