♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
ဤအပိုင်းတွင်ပါဝင်သောအကြောင်းအရာအချို့သည်အသက်(၁၈)နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ
⌜ လေးလခန့်ကြာပြီးနောက် ⌝
စင်ကာပူနိုင်ငံ changi international airport မှတောင်အာဖရိကရှိ oliver reginald tambo international airport သို့ပျံသန်းနေသောလေယာဉ်အထက်။
singapore (SIN) ⥬ johannesburg (JNB)
ပျံသန်းချိန်ပျမ်းမျှ(၁၁)နာရီနီးပါး။တိုက်ရိုက်ပျံသန်းမှု။ကိုယ်ဝန်(၅)လကျော်(၆)လနီးပါးဖြစ်သည်ကြောင့်။
မသွားခင်တစ်ပတ်အလိုရန်ကုန်မှာကတည်းကနှင်းဖူး၏ကျန်းမာရေးနှင့်ပတ်သက်သည်များကိုအသေအချာပြင်ဆင်ခဲ့ရသည်။
ပျားရည်ဆမ်းခရီးကိုတောင်အာဖရိကသို့လိုက်ပို့ပေးမည်ဟူသောကတိကိုလွန်ခဲ့သည့်လများကမတည်နိုင်ခဲ့။
အဘယ့်ကြောင့်ဆိုသော်။
ကိုယ်ဝန်ဆောင်သည်အများစုသည်ပထမ(၃)လအတွင်းလေယာဉ်ခရီးစီးလျှင်စိတ်မချရသောကြောင့်။
နှင်းဖူး၏ဆရာဝန်များမှသွား၍ရသည်ဟုပြောသော်လည်းနေသောလွင်မှာစိတ်မချ။ထို့ကြောင့်။လက်ထပ်အပြီး(၄)လကြာသည်အထိစောင့်နေခဲ့ခြင်းဖြစ်သည်။
နှင်းဖူးကိုတော့အတော်လေးချော့ခဲ့ရသော်လည်း။
နေသောလွင်မမှုပါ။
သူမ၏ကျန်းမာရေးသာလျှင်အဓိကဖြစ်သည်ကြောင့်။"ကိုကို"
ခုတင်ပေါ်တွင်အိပ်နေသောနှင်းဖူး၏ခေါ်သံကြောင့်နေသောလွင်မဂ္ဂဇင်းဖတ်နေရင်းမှမော့ကြည့်လိုက်သည်။
စင်ကာပူစံတော်ချိန်မနက်(၈)နာရီကတည်းမှလေယာဉ်ထွက်လာခဲ့ခြင်းဖြစ်သည်ကြောင့်ယခုဆိုရင်ပျံသန်းချိန်မှာ(၇)နာရီကျော်ကြာမြင့်သွားခဲ့ပြီ။
(၆)လနီးပါးဖြစ်သည်ကြောင့်ဗိုက်ကလေးမှာအတော်ပင်ဖောင်းနေလေပြီ။လေယာဉ်စထွက်ကတည်းကအိပ်လိုက်၊စားလိုက်၊စကားပြောလိုက်၊ပြန်အိပ်လိုက်နှင့်လိုက်ပါစီးနင်းခဲ့သူလေးဖြစ်၏။
![](https://img.wattpad.com/cover/289233813-288-k694433.jpg)
YOU ARE READING
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...