♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
ဤအပိုင်းတွင်ပါဝင်သောအကြောင်းအရာများသည်အသက်(၁၈)နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ
"baby"
အလုပ်ကိစ္စခရီးသွားနေသည့်ရက်များမှလွဲ၍ကျန်သောနေ့များတွင်သူအလုပ်ကပြန်လာတိုင်းနှင်းဖူးတစ်ယောက်အိမ်ရှေ့ခန်းတွင်စောင့်၍ကြိုနေလေ့ရှိသည်။
"ဖူး"
ဧည့်ခန်း၊အိပ်ခန်း၊ဒုတိယထပ်ထိပါပတ်၍ရှာသော်လည်းနှင်းဖူး၏အရိပ်အယောင်ကိုလုံးဝမတွေ့။Gingerကိုပါမတွေ့သဖြင့်နေသောလွင်ပိုစိတ်မောသွား၏။သူ့အမေနားအမြဲကပ်နေသူGingerဖြစ်သည်ကြောင့်။
"babe"
အိမ်သန့်ရှင်းရေးနှင့်အစားအသောက်ချက်ပြုတ်သူများမှာမနက်(၆)နာရီမှညနေ(၆)နာရီအထိသာတာဝန်ချိန်ဖြစ်သည်ကြောင့်အိမ်ပြန်ကုန်ကြပြီဖြစ်သည်။ညအချိန်ဖြစ်၍လုံခြုံရေးဝန်ထမ်းများမှလွဲခြံအတွင်း၌မည်သူမှမရှိ။
စက်ရုပ်ဝယ်ပေးမည်ဟုပြောထားသော်လည်းprivacyကိုအလေးထားသောနေသောလွင်အတွက်(၂၁)ရာစု၏စက်ရုပ်နည်းပညာမှာမကိုက်။ထို့ကြောင့်မဝယ်ဖြစ်။နှင်းဖူးကိုတော့အတော်လေးချော့လိုက်ရသည်။
"ဖူးဖူး . . . မစနဲ့ကွာ . . . ဘယ်မှာလဲ"
တစ်အိမ်လုံးပတ်၍ရှာပြီးသော်လည်းနှင်းဖူးကိုမတွေ့သည်ကြောင့်နေသောလွင်စိတ်ပူလာ၏။
နောက်ဆုံး။နှင်းဖူး၏ဖုန်းကိုခေါ်လိုက်သည်။
ဖုန်းသံလာရာဆီသို့သွားလိုက်တော့သူတို့နှစ်ယောက်၏အိပ်ခန်း။သို့သော်။နှင်းဖူးရောGingerရောနှစ်ယောက်လုံးကိုမတွေ့။
နှင်းဖူး၏ကား(၂)စီးလုံးမှာလည်းအိမ်အောက်တွင်ရပ်ထားသည်ကြောင့်အပြင်သွားတာလည်းမဖြစ်နိုင်။
"ဖူး . . . စိုးရိမ်အောင်မလုပ်နဲ့"
ပြောနေရင်းရေကူးကန်ရှိရာဆီသို့သွားလိုက်တော့။
တွေ့ပါပြီ။
ရေကူးကန်ထဲ၌ရေကူးနေသောသားအမိနှစ်ယောက်။"ကိုကို"
![](https://img.wattpad.com/cover/289233813-288-k694433.jpg)
YOU ARE READING
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...