♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
"cambridgeကိုဘယ်နေ့သွားမှာ" Oliviaမှmacchiatoတစ်ငုံသောက်ရင်းမေးလိုက်သည်။
အခုရောက်ရှိနေသောနေရာသည်ရန်ကုန်မြို့ရှိနာမည်ကြီးဥရောပပုံစံcafeဆိုင်တစ်ဆိုင်။
အထက်တန်းပြီးကတည်းကနှင်းဖူးတို့သူငယ်ချင်းများမတွေ့ဖြစ်ခဲ့ကြသည်မှာ(၂)လနီးပါးရှ်ိခဲ့ပြီ။
"နောက်လ"
"စက်တင်ဘာ?"
"အင်း" hazelnut custard sliceကိုတစ်ကိုက်စားပြီးMay Emeraldမှပြန်ဖြေလေ၏။
ငယ်စဉ်ကတည်းကပညာရေးနှင့်ပတ်သက်လာရင်straight-Aကျောင်းသူဖြစ်ခဲ့ရုံသာမကအားကစားတွင်လည်းထူးချွန်သူမေအမရာသည်နိုင်ငံအဆင့်ရေကူးပြိုင်ပွဲများတွင်လည်းအမြဲချန်ပီယံဖြစ်ခဲ့၏။ဒါတင်မက။၂၀၂၈ခုနှစ်။အမေရိကန်နိုင်ငံ၌ကျင်းပပြုလုပ်ခဲ့သောကမ္ဘာ့အိုလံပစ်ရေကူးပြိုင်ပွဲတွင်လည်းရွှေတံဆိပ်ဆုများရယူကာမြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။ထိုစဉ်ကသူမအသက်(၁၆)နှစ်သာ။
မေအမရာ၏ဖခင်ဖြစ်သူမှာဘဏ္ဍာရေးဝန်ကြီးတစ်ဦးဖြစ်ပြီးအမေမှာလည်းစစ်ဗိုလ်ချုပ်မျိုးရိုးမှဆင်းသက်ပေါက်ဖွားလာသူတစ်ဦးဖြစ်လေ၏။
ဤအချက်များကြောင့်မေအမရာတစ်ယောက်အင်္ဂလန်နိုင်ငံရှိCambridgeတက္ကသိုလ်သို့ဝင်ခွင့်ရခြင်းမှာသိပ်တော့အံ့ဩစရာမဟုတ်။
"Lawပဲလား"
"အင်း" Olivia၏အမေးကိုမေအမရာပြန်ဖြေလေသည်။
အသက်(၄)နှစ်ကတည်းကပေါင်းလာခဲ့သောမေအမရာနှင့်နှင်းဖူးသည်တစ်ယောက်အကြောင်းကိုတစ်ယောက်အသိဆုံး။သူမကဥပဒေအကြောင်းအရာတွေစိတ်ဝင်စားသူမဟုတ်။နိုင်ငံရေးဆိုပိုဝေးသည်။
"နင်ကoceanographerဖြစ်ချင်တာကို"
အသက်ကြီးလာရင်သမုဒ္ဒရာကြီးကိုစူးစမ်းရှာဖွေတဲ့သူလုပ်မည်ဟုအမြဲကြွေးကြော်ခဲ့သောမေအမရာသည်အခုတော့တက္ကသိုလ်မှာဥပဒေပညာရပ်ကိုသင်ယူမည်တဲ့။
"Lawကငါနဲ့ပိုလိုက်တယ်"
"ပြန်မပြောင်းတော့ဘူး . . . lawပဲပေါ့"

YOU ARE READING
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...