8

12K 282 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


"ကိုကို"

"ဟင်"

ကျောပြင်ကလေးကိုramieဖြင့်ပြုလုပ်ထားသောသဘာဝရေမြှုပ်စကလေးဖြင့်ပွတ်တိုက်ပေးနေသောကိုကို။

"ကို့ကို့first timeကဘယ်သူလဲ"

ဒီမေးခွန်းကိုအကြိမ်ကြိမ်တွေးခဲ့ဖူးပင်မဲ့တစ်ခါမှတော့ကို့ကို့ကိုမမေးဖြစ်ခဲ့။လ်ိုချင်သောအဖြေမဟုတ်ခဲ့ရင်နာကျင်ရမည်စိုး၍။

နှင်းဖူး၏အမေးကိုကိုကိုကရယ်လေသည်။

"ဘာရယ်နေတာလဲ . . .ဖြေလို့ . . . ဘယ်သူလဲ"

နှင်းဖူးစိတ်မရှည်တော့သဖြင့်သစ်သားဖြင့်ပြုလုပ်ထားသောရေချိုးကန်ထဲတွင်ပင်ရေများကိုခြေဖဝါးနှစ်ဖက်ဖြင့်ကန်နေလိုက်သည်။

"ဘယ်သူလဲလို့"

မဖြေဘဲရယ်ပဲရယ်နေသောကြောင့်စိတ်တိုလာကာကိုကိုနှင့်မျက်နှာချင်းဆိုင်အရပ်သို့ခန္ဓာကိုယ်လေးလှည့်လိုက်၏။

ကျောပြင်ကိုဆပ်ပြာတိုက်ပေးနေသောကို့ကို့အထိအတွေ့နှင့်လွတ်သွား၍စိတ်ဘဝင်သိပ်မကျသော်လည်းမေးခွန်းကိုမဖြေဘဲဝေ့လည်ကြောင်ပတ်လုပ်နေသောကို့ကို့ဆီမှအဖြေရရန်မှာပို၍အရေးကြီးလေသည်။

"ရယ်မနေနဲ့" ပြောလည်းပြောမျက်စောင်းလည်းထိုးလိုက်သည်။

မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတာကြောင့်လစ်ဟာသွားသောလေထုမှတစ်ဆင့်နှင်းဖူး၏နှင်းဖြူရောင်နတ်မိမယ်လေးနှစ်ပါးကိုနေသောလွင်ရှင်းလင်းစွာမြင်နေရ၏။

"ဘယ်သူလို့ထင်လဲ"

ရင်ဘတ်ကိုကြည့်နေရာမှအကြည့်လွှဲလိုက်သောကိုကို။

တကယ်ဆိုကိုကိုသည်အသက်(၂၈)နှစ်ပြည့်ပြီး၍လအနည်းငယ်ကြာလျှင်ပင်(၂၉)နှစ်အရွယ်သို့ကူးပြောင်းတော့မည်။နှင်းဖူးတို့တွဲတာ(၁)နှစ်ခွဲကျော်သာရှိသေးသည်မလို့အရင်ကဖြစ်ခဲ့သောကို့ကို့အတိတ်များကိုစိတ်ဆိုးရုံမှအပဘာမှတတ်နိုင်မည်မဟုတ်ပါ။

"ပြောမှသ်ိမှာပေါ့"

နှင်းဖူးသည်ကိုယ်မေးခဲ့သည့်မေးခွန်းအတွက်နောင်တမရသော်လည်းကို့ကို့ပါးစပ်မှအခြားမိန်းမတစ်ယောက်၏အမည်မျိုးထွက်လာမည်ကိုတော့မလိုချင်ပါ။

《 ALYA 》Dove le storie prendono vita. Scoprilo ora