4

11.9K 329 3
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕

senior yearရောက်ပြီဖြစ်၍နှင်းဖူးတို့ကျောင်းမှ အထက်တန်းပြီးသည့်အခါတက်ရောက်မည့်တက္ကသိုလ်များကိုနှစ်စကတည်းကရွေးခိုင်းလေသည်။

ကိုကိုရောရေးရေးရောနှစ်ယောက်လုံးမှာအမေရိကန်နိုင်ငံရှိSeverus University၌remote learningအနေဖြင့်သာတက္ကသိုလ်ပညာရေးကိုသင်ကြားခဲ့ကြသည်မို့နှင်းဖူးသည်လည်းထိုနည်းလမ်းအတိုင်းတက္ကသိုလ်ပညာရေးကိုသင်ယူရန်ငယ်ငယ်ကတည်းကတွေးထားခဲ့ပြီးသားဖြစ်၏။

"ဖူးဖူး . . . ဒါနင့်ကိုကိုမလား" Olivia Wangမှဖုန်းထဲမှဓာတ်ပုံတစ်ပုံကိုပြလေသည်။

နေ့လည်စာစားချိန်ဖြစ်၍သူငယ်ချင်းအချို့နှင့်canteen၌ထိုင်ကာစားနေခြင်း။Olivia၏ဖုန်းကိုယူကြည့်ပြီးနောက်နှင်းဖူးမျက်မှောင်ကြုတ်လိုက်သည်။

ကိုကိုနှင့်မိန်းကလေးတစ်ဦးရှမ်ပိန်တစ်ယောက်တစ်ခွက်စီကိုင်ထားကာဘေးချင်းယှဉ်ရပ်နေသောပုံ။

ပုံတင်ထားသောမိန်းမ၏instagram accountထဲသို့ဝင်ကြည့်လိုက်သည်။ဘယ်သူမှန်းနှင်းဖူးသေချာမသိပင်မဲ့followers(၃)သန်းကျော်သည်ကြောင့်အနုပညာနယ်ပယ်ထဲကဖြစ်မည်ဟုခန့်မှန်းလိုက်၏။

"အဲ့တာဘယ်သူလဲ" အနုပညာရှင်များကိုစိတ်ဝင်စားတတ်သူမဟုတ်တာကြောင့်ဘယ်သူဘယ်ဝါဆိုတာသိပ်မသိလှပါ။

"မော်ဒယ်လ် . . . မင်းသမီးလည်းလုပ်တယ်ထင်တယ် . . . ငါလည်းသေချာမသိဘူး" Oliviaသည်မရေမရာဖြင့်ပြန်ဖြေသည်။

ဓာတ်ပုံကိုနောက်တစ်ကြိမ်အသေးစိပ်ထပ်ကြည့်လိုက်တော့ရယ်ချင်မိသွား၏။ထိုမိန်းမသည်ဘေးရှိတခြားသူများကိုcropပြီးကိုကိုနှင့်နှစ်ယောက်တည်းပုံကိုသာတင်ထားခြင်းဖြစ်သည်။

နှင်းဖူးနှင့်ကိုကိုကြားရှိသံယောဇဉ်သည်ဘယ်သူဖြတ်ဖြတ်မပြတ်တောက်နိုင်တာကြောင့်ထိုအချက်အတွက်တော့လုံးဝမစိုးရိမ်ပါ။

ဒါပင်မဲ့။ကိုကိုသည်သိပ်ကိုပြီးပြည့်စုံလွန်းသည်ကြောင့်မိန်းမလည်တစ်သိုက်အတွက်အလွန်ပင်မျက်စိကျချင်စရာကောင်းသောရတနာသိုက်ကြီးဖြစ်နေသည့်အချက်ကိုတော့နှင်းဖူးလျစ်လျူရှု၍မရ။

《 ALYA 》Tahanan ng mga kuwento. Tumuklas ngayon