6

11.8K 308 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


"ဖူးဖူးကိုရန်ကုန်မှာကျွန်တော်နဲ့ခေါ်ထားချင်တယ်"

မုန်လာဥနီဖျော်ရည်သောက်နေရင်းကြားလိုက်ရသောစကားကြောင့်နှင်းဖူးသီးသွားသည်။အသံလာရာကိုကြည့်လိုက်တော့ခပ်တည်တည်ဖြင့်ပြောနေသောကိုကို။

"ဖူးဖူးကရော" မေမေသည်ပြူးကြောင်ကြောင်ဖြင့်ကြည့်နေသောနှင်းဖူးကိုအကြည့်ချင်းဆုံ၍မေးလိုက်သည်။

ကိုကိုနှင့်အရင်ကတည်းကတိုင်ပင်ဖူးပြီးသားကိစ္စဖြစ်နေသည်ကြောင့်အထူးတလည်စဉ်းစားနေစရာမလိုပါ။သို့သော်အခုလိုနေ့လည်စာထမင်းဝိုင်းမှာကိုကိုပြောလိုက်လိမ့်မည်ဟူ၍တော့မတွေးမိခဲ့။

"ဖူးလည်းကိုကိုနဲ့နေချင်တယ်"

နှင်းဖူး၏အထက်တန်းဘွဲ့သဘင်အပြီးတန်းလာခဲ့တာကြောင့်နှစ်ဖက်မိသားစုစုံလင်နေသည်။နိုင်ငံခြားအလုပ်ခရီးစဉ်သွားနေရသောကို့ကို့ဖေဖေတစ်ယောက်မှလွဲ၍။

"မနေရပါဘူး . . . ဖူးဖူးကအခုမှကျောင်းပြီးရုံပဲရှိသေးတာကို" မျက်နှာချင်းဆိုင်ခုံတွင်ထိုင်နေတာကြောင့်ရေးသူရနိုင်၏ကျားသစ်နက်လိုခပ်ဆူးဆူးအကြည့်ကိုနှင်းဖူးတစ်ယောက်မမြင်ချင်လည်းမြင်နေရ၏။

"ကလေးမဟုတ်ဘူး . . . နေမှာမနေမှာကဖူးသဘောလေ . . . ရေးရေးနဲ့မဆိုင်ဘူး" ဖန်ခွက်ထဲ၌အနည်းငယ်ကျန်နေသောဖျော်ရည်ကိုကုန်အောင်သောက်အပြီးနှင်းဖူးပြောလိုက်သည်။

"စွာမနေနဲ့" လေသံမာမာနှင့်ပြောလာသောရေးသူနိုင်ကြောင့်နှင်းဖူးခန္ဓာကိုယ်လေးကျုံ့ဝင်သွားသည်။

နှင်းဖူးတစ်ယောက်ငိုမဲ့မဲ့မျက်နှာလေးဖြင့်ဘေးချင်းကပ်ခုံတွင်ထိုင်နေသောကို့ကို့ကိုကြည့်လိုက်၏။ကိုကိုသည်နှစ်သိမ့်ပေးသည့်အလားစားပွဲခုံအောက်ရှိနှင်းဖူး၏လက်ကလေးကိုခပ်တင်းတင်းဆုပ်ကိုင်လာသည်။

"ရေးသူရနိုင် . . . ကလေးကိုဘာလို့အော်နေတာလဲ" မေ့မေ့စကားကြောင့်ရေးရေးသည်စိတ်ကုန်သွားသလိုပုံစံဖြင့်မျက်လုံးနှစ်ဖက်ကိုအပေါ်လှန်လိုက်လေသည်။

《 ALYA 》Where stories live. Discover now