9

13K 274 2
                                    


♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


ဤအပိုင်းတွင်ပါဝင်သောအကြောင်းအရာအချို့သည်အသက်(၁၈)နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ

တစ်နေကုန်လေယာဉ်သုံးဆင့်စီးခဲ့ရသည်ကြောင့်ပင်ပန်း၏။ခရီးစဉ်တစ်လျှောက်လုံးလည်းအစားဟုတ်တိပတ်တိမစားဖြစ်ခဲ့တာကြောင့်ဗိုက်ဆာနေသမျှကိုMilosရောက်မှသာအတိုးချပြီးစားနေမိသည်။

"ထပ်မှာလိုက်ရမလား" ဟင်းများအားလုံးကိုတစ်ခုမကျန်စားပစ်လိုက်သောနှင်းဖူးကိုကြည့်၍ကိုကိုမှမေးလာသည်။

"တော်ပြီ"

ပြောပြီးသည်နှင့်ရေချိုးခန်းထဲသို့ဝင်ကာသွားတိုက်လိုက်၏။အစားစားပြီးတိုင်းချက်ချင်းသွားတိုက်သည်မှာနှင်းဖူးတို့မိသားစု၏အကျင့်။

ရေချိုးခန်းထဲမှထွက်လာသောအခါကိုကိုတစ်ယောက်ဟိုတယ်သို့ဖုန်းဆက်ကာပန်းကန်များလာသိမ်းခိုင်းနေသည်ကိုတွေ့ရသည်။သိပ်မကြာ။ယောကျာ်းလေးဝန်ထမ်းနှစ်ဦးရောက်ရှိလာပြီးပန်းကန်များလာသိမ်း၏။

ဗိုက်တင်းသွားတာကြောင့်လူမှာလှုပ်ပင်မလှုပ်ချင်တော့။ခရီးပန်းလာသည့်အပြင်ခေါင်းလည်းလျှော်ထားသည်ကြောင့်မျက်ခွံများမှာအလိုအလျောက်လေးလာသည်။

"ကိုကို . . . ဖူးအိပ်တော့မယ်" မွေ့ရာပေါ်တွင်မျက်လုံးများမှိတ်၍လှဲနေရင်းပြောလိုက်သည်။

"ပန်ကာပိတ်လိုက်ရမလား" စောင်ခြုံပေးနေရင်းမေးလိုက်သော်လည်းတစ်ဖက်မှမည်သည့််အသံမှထွက်မလာ။ကြည့်လိုက်တော့မျက်လုံးမှိတ်အိပ်နေပြီဖြစ်သောနှင်းဖူး။

နေသောလွင်ပြုံးလိုက်သည်။

ထို့နောက်ရေချိုးခန်းထဲသို့ဝင်ကာသွားတိုက်ပြီးနှင်းဖူး၏ဘေး၌ဝင်လှဲလိုက်၏။

နှင်းဖူး၏ခေါင်းအောက်တွင်လက်တစ်ဖက်ထားလိုက်ပြီးကျန်လက်တစ်ဖက်ဖြင့်ခန္ဓာကိုယ်လေးကိုဖက်ထားလိုက်သည်။ရင်ခွင်ထဲတွင်အိပ်မောကျနေသောမိန်းကလေး၏နဖူးလေးကိုနေသောလွင်နမ်းလိုက်၏။

ည(၁၀)နာရီထိုးခါနီးပြီဖြစ်သည်ကြောင့်ပတ်ဝန်းကျင်ရှိအသံများမှာတိတ်ဆိတ်နေသည်။အိပ်ရာပေါ်တည့်တည့်ရှိပန်ကာသံတစ်ခုမှလွဲ၍။

《 ALYA 》Tempat cerita menjadi hidup. Temukan sekarang