[ Unicode ]
At the Edge of the Earth
( Extra -2 )
"မင်းဒါဘယ်လိုရှင်းပေးမှာလဲ?"
"ကျတော်တောင်းပန်ပါတယ်ဗျာ .. ကျတော်ရဲ့အာမခံကိုဖုန်းဆက်ခေါ်လိုက်မယ် .. ခဏစောင့်ပေးပါ"
"မစောင့်နိုင်ဘူး .. အခုချက်ချင်းရှင်းပေး"
ကားလမ်းကြောတစ်ခုတွင်ပြသနာတက်နေသည်မို့ ယာဉ်ကြောကအနည်းငယ်နှောင့်နှေးလို့နေသည်။
ဟိုဆော့ လက်တစ်ဖက်ကခါးကိုထောက်ကာ ကျန်တစ်ဖက်က နောက်စေ့ကိုတဗြင်းဗြင်းကုတ်လိုက်၏။
စိတ်အပန်းပြေအောင်နိုင်ငံခြားထွက်လာပါတယ်ဆိုမှ US ရောက်မှပြသနာလာတက်ရတယ်လို့။
သူနဲ့ညိတဲ့ ဒီနိုင်ငံခြားသားဘဲကြီးက ငရစ်နဲ့တူပါရဲ့ .. ပြသနာတော့အတောင့်လိုက်ကိုတက်တာ။"အခုချက်ချင်းရှင်းပေးဖို့က ကျတော်တစ်ယောက်ထဲမှားတာမဟုတ်ဘူး ခင်ဗျားဘက်ကလဲမှားတယ်ဆိုတာသိရဲ့လား"
ဟိုဆော့ စိတ်ပေါက်ပေါက်နဲ့အော်ပြောတော့ ထိုလူကမျက်ခုံးတစ်ဖက်တွန့်သည်။
"မင်းကားကအနောက်ကဝင်တိုက်တာလေ .. ငါ့အမှားမပါဘူး"
"ဒါက..."
"ဘာဖြစ်တာလဲ?"
ရှင်းနေချိန်အနောက်မှထွက်လာသော ကိုရီးယားစကားသံကြောင့် ဟိုဆော့ အားတက်သွားသည်။
ကိုယ့်လူမျိုးအချင်းချင်းမို့ ဘာပဲဖြစ်ဖြစ်အကူအညီရလောက်သည်။"ဟန်ဂယောင်း ... မင်း"
လှည့်ကြည့်တော့ ဟန်ဂယောင်း က ကာကီရောင် long coat ဖြင့် တလွင့်လွင့်လျှောက်လာ၏။
"ဘာဖြစ်နေတာလဲ ဟိုဆော့? .. ကားချင်းညိကြတာလား?"
"အေး"
ဟန်ဂယောင်း က ရှေ့ဆင့်နောက်ဆင့်တိုက်မိထားသောကား၂စီးအားလှမ်းကြည့်၍မေးသည်။
ထို့နောက် ကားအားသေချာကြည့်၍အနာအဆာလိုက်ကြည့်နေ၏။"မင်းကားကအနောက်ကလား?"
ဟိုဆော့ ဘက်သို့ပြန်လှည့်မေးလာသည်မို့ ဟိုဆော့ ခေါင်းပြန်ငြိမ့်ပြလိုက်သည်။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin