friendship

2.6K 322 28
                                    

[ Unicode ]

                 At the Edge of the Earth

Pt. 23

"ကျစ်"

တစ်တီတီနဲ့မြည်နေသောဖုန်းသံကြောင့် ဆော့ဂျင်း စိတ်ရှုပ်စွာပင် ဖုန်းအားပိတ်လိုက်ကာ အိပ်ယာပေါ်သို့ပစ်လှဲချလိုက်သည်။
မိမိဖုန်းအားဆက်တိုက်ခေါ်နေသော contact name မှာမိမိချစ်ရသောသူကြောင့် ပို၍စိတ်ရှုပ်ရပါသည်။

သူ ကိုင်ချင်သည်။
ဂျွန်း ရဲ့အသံကိုကြားချင်သည်။
ဂျွန်း နဲ့လဲစကားတွေအများကြီးပြောချင်သည်။
သို့သော် မဖြစ်။ သူ သာဒီဖုန်းကိုကိုင်မိရင်မိမိစိတ်ကိုထိန်းနိုင်မည်မဟုတ်။ 'အရမ်းလွမ်းတယ်' ဆိုတဲ့စကားကိုပြောမိမှာမို့ စိတ်ကို မရ ရအောင် တင်းထားရမည်။
အခုချိန် ဂျွန်း ရဲ့ဖုန်းကိုမကိုင်တာက အကောင်းဆုံးပါပင်။

မင်းငါ့ကိုစိတ်ပျက်လိုက်ပါတော့ကွာ ဂျွန်း ရာ...

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထား—"

"ဟာကွာ..!"

နမ်ဂျွန်း ဆံပင်ကိုတစ်ချက်ဆုတ်ဖွာပစ်လိုက်ပြီး ခုံပေါ်သို့ဖုန်းကိုပစ်တင်လိုက်လေသည်။
ရင်ထဲပူထူလာတဲ့အပူငွေ့က မျက်လုံးကိုလာရိုက်ကာ မျက်ရည်ငွေ့တို့သီတန်းလာ၏။

အချစ် ကတစ်ကယ်ပဲ ငါ့အပေါ်မှာခံစားချက်မရှိတော့တာလား...?

                                    * * * * * * * * *

"ဆော့ဂျင်း..."

အနောက်ကနာမည်ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ဟန်ဂယောင်း အားတွေ့လိုက်ရသည်မို့ ဆော့ဂျင်း လည်ပြန်လှည့်ကာလှမ်းပြုံးပြဖြစ်သည်။

"ဟုတ်တယ်မလား? .. မင်းမလား? .. ဒါကြောင့်ငါအနောက်ကနေကြည့်နေတာမင်းနဲ့တူနေပါတယ်လို့။
ဒါနဲ့မင်းဒီမှာဘာထိုင်လုပ်နေတာလဲ? .. အတန်းမတက်ဘူးလား"

ဆော့ဂျင်း ထိုင်နေသည့်ရှေ့သို့ဝင်ထိုင်လိုက်ကာခပ်ပြုံးပြုံးပင်မေးနေသော ဟန်ဂယောင်း။
အတန်းချိန်မို့ ထမင်းစားအဆောင်က လူပါးကာတိတ်ဆိတ်နေသည်။

"ဒီလိုပါပဲကွာ "

"ဘာလဲ .. မင်းချစ်ချစ်ကြီးနဲ့မတွေ့ချင်လို့လား?"

At the Edge of the Earth [ Complete]Where stories live. Discover now