[ Unicode ]
At the Edge of the Earth
Pt. 11
"အဲ့တော့မင်းကဘာလုပ်ချင်လဲ?"
အိပ်ယာပေါ်၌ တပင်ခွေထိုင်ပြီးပေါင်ပေါ်ခေါင်းအုံးတင်ထားသည့် ဆော့ဂျင်း မှာလဒမှိုင်မှိုင်နေသည်မို့ ပစ်ထားမိလို့ကောက်နေသောသူငယ်ချင်းအားပြန်လာဖားသည့် ယွန်းဂီ မှာအခုတော့ ဆော့ဂျင်း အခန်းထဲ သူလည်းငုတ်တုပ်သာပင် ။
"ဘာကိုဘာလုပ်ချင်ရမှာလဲ? .. လက်မထပ်ပါဘူးဆို လက်မထပ်ဘူးပေါ့"
သူ့မျက်နှာချင်းဆိုင်ကဆိုဖာခုံပေါ်မှာထိုင်နေသော ယွန်းဂီ အားအလိုမကျဟောက်လွှတ်တော့ ယွန်းဂီ ကမျက်စောင်းခပ်ရေးရေးလေးထိုးသည် ။
"မင်းကသာလက်မထပ်ချင်ဘူးလုပ်နေ .. လူကြီးတွေကအကုန်စီစဉ်နေပြီနော်"
ယွန်းဂီ ထောက်လာသည့်စကားကအမှန်တရားပင်မို့ သူ့ နှာခေါင်းကအော်တိုရှုံ့သွား၏ ။
နမ်ဂျွန်း နဲ့ သူ ထိုကိစ္စအတွက်စကားအချေအတင်များပြီးတဲ့နောက်နေ့၌ သူ့ဦးလေးနှင့်သူ အိမ်ကိုလာကာ ဖေဖေ့ဆီ၌လက်ထပ်ဖို့ကိစ္စကိုလာရောက်ညှိနှိုင်းခဲ့ကြသည် ။
သူ့ဘက်ကလက်မခံနိုင်ပါဘူးလို့ ဖေဖေ့ကိုပြောထားပါရက်နဲ့ ရအောင်စီစဉ်နေကြသည့် ၂ဖက်လူကြီးတွေကြောင့် သူ့မှာနေရတာကျဉ်းကြပ်လာတော့သည် ။"ဘယ်လိုပဲဖြစ်ဖြစ် ငါလက်မခံဘူးဆို ငါလက်မခံဘူးပဲ .. သူကငါ့ကိုသဘောကျလို့ယူတာမှမဟုတ်တာ"
ဆော့ဂျင်း ရဲ့စကားကြောင့် ယွန်းဂီ သက်ပြင်းငွေ့ငွေ့ချကာခေါင်းဖြေးဖြေးသာခါယမ်းနေလိုက်တော့သည် ။
ဒီ၂ယောက်က တကယ်ကို တဇွတ်ထိုး နဲ့ တဇောက်ကန်း ပါလေ ။"ငါ့ကိုကူညီပါဦး မောင်ရယ် .. မောင် ကအချစ်သစ်တွေ့တော့ငါ့ကိုမေ့သွားပြီပေါ့"
"လိ့ကို မောင်လား !! "
ဆော့ဂျင်း ရဲ့စကားအား ယွန်းဂီ သူ့ရဲ့ဘေးကခေါင်းအုံးဖြင့်ကောက်ပေါက်ကာပင်တုံ့ပြန်လိုက်သည် ။
ဒါကိုဇွဲမလျော့သေးတဲ့ ဆော့ဂျင်း ထပ်ပြောလာတဲ့စကားက ,"မောင် ငါ့ကိုငြိုငြင်တယ်" တဲ့လေ ။
* * * * * * * * *
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin