[ Unicode ]
ဇာတ်သိမ်းပိုင်းလေးက ဘယ်တုန်းက ပျက်သွားလဲတောင်မသိလိုက်ဘူး 😭 အသဲတစ်ယောက်က ဇာတ်သိမ်းပိုင်းရှာမတွေ့ဘူးဆိုပြီး လာမန့်ပေးမှ ကိုယ်လဲသိတော့တယ်။ ဒါ့ကြောင့် ပြန်တင်ပေးတာပါ 😢
:::::::::::::::::::
ဇာတ်သိမ်းပိုင်း
"တစ်လမ်းလုံး ဒီစာအုပ်ကြီးပဲ ဖတ်နေတော့မှာလား အကို နမ်ဂျွန်း?"
ဘေးနားမှ စိတ်မရှည်သလိုအသံနှင့် မေးလာသည့် ညီဖြစ်သူအသံကြောင့် ဖတ်လက်စစာအုပ်အားရပ်၍ ထယ်ယောင်း ဘက်သို့ နမ်ဂျွန်း လှည့်ကြည့်လိုက်၏။
"စာအုပ်က စိတ်ဝင်စားစရာကောင်းနေလို့ပါ"
နမ်ဂျွန်း စာအုပ်အားအသာထောင်ပြကာ ပါးချိုင့်နက်လေးတွေထင်းသည်အထိ ခပ်ပြုံးပြုံးပြောတော့ ထယ်ယောင်း က ရှုံ့မဲ့၍ အကိုဖြစ်သူအား မျက်စောင်းထိုးပြလေရဲ့။
"ကျွန်တော်ပျင်းနေပြီ။ အဲ့စာအုပ်ကြီးဖတ်မနေတော့နဲ့ဗျာ"
"ပျင်းတယ်ဆိုတော့ ငါကဘာလုပ်ပေးရမှာလဲ။ သွား .. လေယာဉ်မယ်ချောချော လေးတွေနဲ့ စကားပြောရင်း နှာဗူးသွားထနေချည်"
လျှောက်လမ်း၌ လျှောက်လာနေသော လေယာဉ်မယ် တစ်ယောက်ထံ မျက်စပစ်ပြကာ နမ်ဂျွန်း ပြောလေတော့ ထယ်ယောင်း မှာ မျက်နှာကြီးစူပုတ်နေလျက်။
ဒါ သူ့အကို သူ့ကိုတမင်ညစ်တာ။
"ဟာဗျာ .. ကျွန်တော့် ဂျောင်ဂုဂီ သိရင် သတ်လိမ့်မယ်ဗျ"
"ငါ မပြောရင် ဘယ်သူသိမှာမို့လို့လဲ။ သွားစမ်းပါ မင်းပဲပျင်းတယ်ဆို။ ငါ့နားမှာ နားလာငြီးမနေနဲ့"
"အကိုကလဲဗျာ။ တော်ပြီ"
"ဒါကဘယ်လဲ ထယ်ထယ်?"
ဆူဆောင့်၍ ထမယ့်ဟန်ပြင်တော့ တကယ်ပဲနှာဗူးသွားထမလို့လား ဟူသည့် အထင်နှင့် နမ်ဂျွန်း မှာ လှမ်းမေးရပြန်၏။ ဒီကောင်လေးက ပြောမရဘူးလေ....
"အိမ်သာသွားမလို့ !!"
ထသွားပြီဖြစ်သော ညီဖြစ်သူ၏ နောက်ကျောအားကြည့်ရင်း နမ်ဂျွန်း မှာ ပြုံးရ ပြန်သည်။ သူ့ညီ ထယ်ယောင်း ကတော့အသက်သာကြီးလာတယ် စိတ်ကကြီးမလာဘူး။ အခုထိ ကလေးဆန်တုန်း။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin