[ Unicode ]
At the Edge of the Edge
Pt. 24
"ခဏ!"
အနောက်မှလှမ်းခေါ်နေသော နမ်ဂျွန်း နဲ့ ဟိုဆော့ အား ဆော့ဂျင်း မသိကျိုးကျွံပြုကာ ဟန်ဂယောင်း နဲ့သာလမ်းဆက်လျှောက်လာခဲ့သည်။
"ဆော့ဂျင်းနီ ခဏလေးပါကွာ"
ဆော့ဂျင်း ရဲ့လွယ်အိတ်အား အနောက်မှ နမ်ဂျွန်း လှမ်းဆွဲလိုက်တော့ လက်ထဲအသာပါလာသော ပန်းရောင် နဲ့ အနက်စပ်ထားသည့်လွယ်အိတ်လေးသည်ပေါ့ပေါ့ပါးပါးပင်။
"ငါ့လွယ်အိတ်ပြန်ပေး နမ်ဂျွန်း"
"ငါနဲ့ခဏလောက်စကားပြောရအောင်..."
"ငါ့မှာပြောစရာဘာစကားမှမရှိဘူး"
နမ်ဂျွန်း လက်ထဲမှလွယ်အိတ်အားဆတ်ခနဲလှမ်းဆွဲလိုက်ကာ ဟန်ဂယောင်း ကိုခေါ်၍ နမ်ဂျွန်း နဲ့ ဟိုဆော့ အားကျောခိုင်းလှည့်ထွက်လာခဲ့လေသည်။
"ဟေ့ကောင် နမ်ဂျွန်း .. မင်းဘာလုပ်တာလဲ!"
အနောက်မှ ဟိုဆော့ ရဲ့အလန့်တကြားလှမ်းအော်သံကြောင့် ဆော့ဂျင်း လှည့်ကြည့်မိတော့ ရင်ထဲဒိန်းခနဲနှင့်နှလုံးသွေးရပ်မတန့်ပင်ခံစားလိုက်ရသည်။
နမ်ဂျွန်း သည်အခုထိတဇွတ်ထိုးဆန်တုန်း။"ငါ့ဘာသာ ဘာလုပ်လုပ်ကွာ"
ကျောင်းဝန်းအပြင်ကားလမ်းမ လမ်းလေး၌ နမ်ဂျွန်း ကန့်လန့်ဖြတ်ကာလှဲအိပ်နေရင်းမှဘောက်ဆတ်ဆတ်ပြန်အော်ပြောလာ၏။
ခြေကိုချိတ်ကာ လက်ကိုခေါင်းအုံးလုပ်ပြီးအေးအေးဆေးဆေးတောင်အိပ်နေသေး။
ဆော့ဂျင်း ရင်ထဲစိတ်ပူသွားကာကားလမ်းတစ်လျှောက်အား မျက်စိတစ်ဆုံးကြည့်တော့ကားတစ်စီးသည် နမ်ဂျွန်း လှဲအိပ်နေရာဘက်သို့မောင်းနှင်လာနေလေသည်။"နမ်ဂျွန်း မင်း အဲ့တာဘာလုပ်နေတာလဲ! .. သေချင်လို့လား!! "
ဆော့ဂျင်း စိတ်ကိုထိန်း၍တည်တည်ငြိမ်ငြိမ်မေးလိုက်သော်လည်း သေချာဂရုစိုက်နားထောင်ရင်စိုးရိမ်ကာ အသံတုန်ရင်နေသည်ကိုသတိထားမိကြလိမ့်မည်။
ŞİMDİ OKUDUĞUN
At the Edge of the Earth [ Complete]
Hayran Kurgu[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin