At the Edge of the Earth
[ Unicode]
Pt.27
"လာ .. ဆေးသောက်လိုက်ဦး ဆော့ဂျင်းနား"
ရေခွက်နဲ့ဆေးကိုကမ်းကာပေးတော့ ဆော့ဂျင်း ကလှမ်းယူ၍မော့သောက်လိုက်သည်။
"ကျေးဇူး"
"မနက်ဖြန် မင်းဆေးရုံကဆင်းလို့ရပြီတဲ့"
"တကယ်လား?"
ဆော့ဂျင်း ဝမ်းသာအားရမေးလိုက်ခြင်းပင်။
အမှန်တကယ်ဆို သူ ဒီဆေးရုံရောက်နေတာ လနဲ့ချီကြာနေပြီမို့ ပျင်းရိကာငြီးငွေ့လှပြီ။
သူ့ အမေးအား ဟန်ဂယောင်း ကခေါင်းငြိမ့်ပြ၍သာပြန်တုံ့ပြန်ပါ၏။"ဒါနဲ့ နမ်ဂျွန်း ကိုမတွေ့မိဘူးနော် .. သူ ဒီနေ့မလာတာလား ဟန်ဂယောင်း?"
သူ ဆေးရုံကဆင်းရမည့်သတင်းအား နမ်ဂျွန်း မသိလောက်သေးဘူးထင်သည်။
သူ ဆေးရုံကဆင်းရတော့မည့်အကြောင်းသိသိချင်းသတိရလိုက်သည်က နမ်ဂျွန်း ကိုသာ။"လာမှာပေါ့ .. ဒီကောင်လားမလာမှာ။ ဒီကိုချောင်းပေါက်မတတ်လာတာအဲ့ကောင်ပဲရှိတယ် .. ဆေးရုံကိုဟော်တယ်လိုသဘောထားပြီးလာနေတာလားမသိ"
ဟန်ဂယောင်း ရဲ့ရွဲ့တဲ့တဲ့စကားကိုကြားတော့ ဆော့ဂျင်း အနည်းငယ်ပြုံးမိသွား၏။
ဟန်ဂယောင်း ပြောလဲပြောချင်စရာ .. နမ်ဂျွန်း သည် သူ့ဆီကို တစ်နေ့၃ကြိမ်လောက်ကပုံမှန်ရောက်လာတတ်သည်။
တစ်ခါတလေ မထင်ရင်မထင်သလို 'မင်းကိုသတိရလို့' ဆိုပြီး ညကြီးမင်းကြီးရောက်လာတတ်သေးသည်။"ဘာလဲ လွမ်းနေပြီလား?"
"လွမ်းစရာလား။ ဒီကောင်နဲ့ ငါနဲ့က မျက်နှာကြောမတည့်ကြတာကိုမင်းလဲသိသားနဲ့ .. အခုက သူ့ကိုမတွေ့မိလို့ ဒီတိုင်းမေးကြည့်လိုက်တာပါကွာ .. အဲ့လောက်မဟုတ်ဘူး"
ဟန်ဂယောင်း ရဲ့မချိုမချဉ်မျက်နှာပေးဖြင့်လှမ်းမေးလာသည့်စကားကြောင့် ဆော့ဂျင်း ရဲ့မျက်နှာမှာပူခနဲ။
ရုတ်တရက် ချွေးတွေကလဲထွက်လာလိုက်တာ .. ဇောချွေးဆိုတာဒါကိုပြောတာဖြစ်မည်။"မင်းတခြားသူတွေသာညာလို့ရမယ် .. မင်းငါ့ကိုတော့ညာလို့မရဘူး ဆော့ဂျင်းနီ"
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin