[ Unicode ]
"ဒယ်ဒယ် .. ဒီဒီ ... ဒီမှာကြည့်"
ဖွေးစွတ်နေသောအဖြူရောင်ဂါဝန်လေးအားဝတ်ထားကာ ခေါင်းမှာလည်း Christmas ဦးထုပ်ဆောင်းထားသော သမီးလေးသည် သူတို့နောက်ထံပါးမှ ချစ်စနိုးအသံလေးဖြင့်လှမ်းခေါ်သည်ကြောင့် ၂ယောက်လုံးလှည့်ကြည့်ဖြစ်လိုက်ကြသည်။
"မီးမီး လှလားဟင်?"
"လှတာပေါ့။ လာပါဦး ဒီဒီ့ ဆီကို"
ဆော့ဂျင်း လက်ထဲကဗန်းအား စားပွဲပေါ်အသာတင်လိုက်၍ သမီးထံလက်ကမ်းကာကြိုတော့ သမီးလေးက ဂါဝန်ကားကားလေးနှင့် ရင်ခွင်ထဲအပြေးဝင်လာ၏။
"သမီးမောင်လေးရော? အတူတူမဆော့ကြဘူးလား?"
"ဆော့တယ် ဒီဒီ။ ကလေးလေးက အပြင်မှာ လက်ဆောင်ဘူးတွေလျှောက်ကြည့်ပြီးကျန်ခဲ့လို့"
"ဒယ်ဒယ်......"
ပြောရင်းဖြင့် သူတို့ရှိရာအခန်းထဲသို့ ဖော့ဖိနပ်ကထွက်သည့် အသံ ပိကျိ ပိကျိ လေးတွေညံလာကာ သူ့ ဒယ်ဒယ် ရှိရာသို့ပြေးလာပါသော သား က တကယ့်ကို လုံးလုံးလေးပင်။
အစိမ်း နဲ့ အနီ စပ်ထားသော အကျီလေးနှင့် နို့နှစ်ရောင်ဘောင်းဘီရှည်တွဲဝတ်ထားကာ ခေါင်းမှာလည်း Christmas ဦးထုပ်ဆောင်းထားသေးသည်။
ကြည့်ရတာ သမီးက သူ့မောင်လေးကို သေချာဆင်ပေးလိုက်တယ်နှင့်တူပါ၏။"ဟာ .. ဒယ်ဒယ့် သားသားက အလန်းပါလားကွ။ မင်းနား ကောင်မလေးတွေဝိုင်းနေတော့မှာပဲကွာ"
ချီပွေ့ထားရင်း နမ်ဂျွမ်း သားအား စနောက်တော့ တခစ်ခစ်ရယ်သံနှင့် သဘောတွေကျနေသည့် သားက သူ့အဖေနဲ့တစ်ပုံစံတည်း။
ပြုံးရယ်လိုက်တိုင်း အဖေ့အမွေအဖြစ် ပါးချိုင့်နက်၂ခုက ထင်ထင်ရှားရှား။
သားရဲ့ မထူမပါးနှုတ်ခမ်း နှင့် မေးရိုးမျက်နှာကျကတော့ သူ့အဖေ ဆော့ဂျင်း နှင့် တူပါသည်။"ဒယ်ဒယ် .. ဒီဒီ ဘာတွေလုပ်?"
၅နှစ်ရှိပြီဖြစ်တဲ့ သားက စကားအရာရော အသိအမြင်ပါ အတော်နားလည်နေပြီဖြစ်သည်။
"ကွတ်ကီး လုပ်နေတာ သားသားရဲ့"
"ကွတ်ကီး? စားမယ်..."
ESTÁS LEYENDO
At the Edge of the Earth [ Complete]
Fanfic[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin