[ Unicode ]
At the Edge of the Edge
Pt. 05
"ငါ့ကိုလွှတ် .. ငါလက်နာနေပြီ"
ဆေးဒဏ်ကြောင့်မူးနောက်ပြီး ရီဝေဝေဖြစ်နေသည့်အပြင် သူမသိသည့်အိမ်ကြီးတစ်အိမ်ထဲသို့အတင်းဆွဲခေါ်လာခံရကာ အပေါ်ထပ်သို့တရွှတ်တိုက်ပါအဆွဲခံနေရသည်ကြောင့် ဆော့ဂျင်း ၏လက်ကောက်ဝတ်မှာနာကျင်ကာနီမြန်းနေလေပြီ ။
ဒါပေမယ့် .. ထိုလူကတော့ဂရုစိုက်သည့်ဟန်တောင်မရှိ ။
ဒုန်း !!
ဆော့ဂျင်း အပေါ်ထပ်ရှိ အခန်းတစ်ခန်းထဲသို့ဆွဲခေါ်လာပြီး တစ်ဆက်ထဲကြမ်းပြင်ပေါ်သို့ပါတွန်းချခြင်းကိုခံလိုက်ရသည် ။
ထို့နောက် တံခါးအားခပ်ဆောင့်ဆောင့်ပိတ်ပစ်လိုက်သော ထိုလူ ။
"ဒါကဘယ်နေရာလဲ? .. ဘေးဖယ် ငါပြန်မယ်"
ကြမ်းပြင်ပေါ်လဲနေရာမှ မနည်းကုန်းရုန်းထကာ ထိုလူအားတွန်းတိုက်၍ဆိုတော့ သူ့အားဆွဲထားပြန်သည့် ထိုလူ ။
"မင်းကိုပြန်ခိုင်းမလို့ အားအားယားယားငါခေါ်လာတာမဟုတ်ဘူးကွ"
သူ့လက်ကောက်ဝတ်နှစ်ဖက်လုံးကိုကျစ်၍ချုပ်ထားပြီး နံရံဆီသို့တဖြည်းဖြည်းတွန်းပို့နေသည့် ထိုလူ့မျက်ဝန်းတွေက ရမ္မက်လောဘပြည့်နေသည့်ပုံပင် ။
"မင်းမယုတ်မာနဲ့ .. ဖယ်! ငါပြန်မယ်"
နံရံနှင့်သူ့ကျောပြင်တို့ကခပ်ပြင်းပြင်းရိုက်မိသွားသည်မို့မျက်ခနဲဖြစ်သွားသောနာကျင်မှုနဲ့အတူ ဆေးဒဏ်ကြောင့် မူးနောက်နေသည့်ခေါင်းတို့က ပို၍ဆိုးဝါးလာခဲ့သည် ။
"ဘာလို့အဲ့လောက်စိုးရိမ်နေတာလဲ? .. အေးဆေးပေါ့ ဘေဘီရာ"
ဝတ်ထားသည့်အပေါ်ကုတ်အကျီကိုအသာချွတ်ရင်းပြောနေသည့် ထိုလူ၏မျက်နှာမှာ ကျေနပ်ပြုံးတို့ကိုဆင်မြန်းထားလေသည် ။
ဝေဝါးနေသည့်မြင်ကွင်းနဲ့အတူ တချက်တချက်မူးဝေနေသည့်ခေါင်းတို့ကြောင့် ခြေထောက်တွေပါမခိုင်ချင်တော့ပေ ။
ဆော့ဂျင်း အံကိုတင်းကာတောင့်ခံထားသော်လည်းအားနည်းလာသည့်ခန္ဓာကိုယ်ကြောင့် နံရံနှင့်အဖိခံထားရသည့်သူ့ကိုယ်လေးမှာယိုင်ကျလာတော့သည် ။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin