He's change

2.8K 320 81
                                    

                            At the Edge of the Earth

[ Unicode ]

Pt. 28

"ဆော့ဂျင်း! .. ဆော့ဂျင်း! .. ထတော့"

နားထဲသို့ဝင်လာသောခေါ်သံကြောင့်မျက်လုံးဖွင့်ကြည့်တော့ သူ့အားစိုက်ကြည့်၍လှုပ်နိုးနေသော နမ်ဂျွန်း။
ကျောင်းဝတ်စုံကိုလဲကျော့ကျော့မော့မော့ဝတ်ထားသေးသည်။

"ဘာဖြစ်လို့လဲ နမ်ဂျွန်း?"

"မင်းဒီချိန်ထိအိပ်နေတုန်းလား .. မင်းဘယ်လိုယောကျာ်းလဲ!"

"အမ် စောစောစီးစီဘာတွေလာပြောနေတာလဲ နမ်ဂျွန်း ရာ .. မင်းဘာဖြစ်ချင်လို့လဲ? .. ပြော .. အခုမှကျောင်းသွားဖို့အချိန်လဲအစောကြီးရှိသေးတာကို"

"ငါကျောင်းသွားတော့မယ်လေ .. မင်းမနက်စာပြင်ပေးရမှာပေါ့ .. အခုထပြင်ပေး"

ထူးဆန်းသည်။
မနေ့ကထဲက ပြောင်းလဲနေသော နမ်ဂျွန်း သည် အခုလဲအထက်စီးဆန်ဆန်ပြောနေပြန်သည်။

"ငါအိပ်နေတယ်လေကွာ .. မင်းဘာသာမင်းတောင်မလုပ်စားတတ်တော့ဘူးလား"

"မစားတတ်ဘူး .. မင်းထလုပ်ပေး"

"မစားတတ်ရင်မစားနဲ့"

တစ်ခွန်းထဲပြောပြီးပြန်အိပ်ရန်ရွယ်လိုက်သော ဆော့ဂျင်း ရဲ့လက်ကိုလှမ်းဆွဲကာ စောင်ကိုဆွဲခွါ၍အောက်ထပ်သို့အတင်းဆွဲခေါ်လာသော နမ်ဂျွန်း။
မြန်ဆန်လှသောအဖြစ်ပျက်နောက်မလိုက်နိုင်တော့တဲ့ ဆော့ဂျင်း မှာ နမ်ဂျွန်း ဆွဲခေါ်ရာနောက်သာပါလာခဲ့လေတော့သည်။

"အာ့ !"

စားပွဲခုံထံသို့တွန်းပို့လိုက်သောကြောင့် ခုံစောင်းနဲ့ခါးတစ်ချက်ထိမိသွားတော့အောင့်ခနဲပင်။
နမ်ဂျွန်း ဘာဖြစ်လို့ဒီလောင်ကြမ်းတမ်းနေရသနည်း။

"ဒါတွေကမင်းလုပ်ပေးရမယ့်တာဝန်ဆိုတာမေ့နေတာလား .. မင်းသတိမရတော့တဲ့အထဲ ဒါတွေပါမေ့နေပြီပေါ့"

"နမ်ဂျွန်း...!! "

ဒေါသကမျက်ခနဲမို့ နမ်ဂျွန်း အားခပ်စူးစူးတစ်ချက်အော်လိုက်တော့ နမ်ဂျွန်း က'ဆက်ပြောလေ'ဆိုသည့်သဘောဖြင့်ပေစောင်းစောင်းကြည့်လာလေသည်။

At the Edge of the Earth [ Complete]Where stories live. Discover now