I'll Come To You

4.2K 485 17
                                    

[ Unicode ]

                             At the Edge of the Earth

Pt. 08

မိတ်ဆက်စကားဆိုပြီးသည့် ဟန်ဂယောင်း သည် ဆော့ဂျင်း ၏အနောက်ထိုင်ခုံသို့ဝင်ထိုင်ကာ ဆော့ဂျင်း အားမျက်စိတစ်ဖက်မှိတ်ပြ၍ခပ်စစပြုံးပြလာသည် ။
ဘေးက ယွန်းဂီ မှာတော့ ဟန်ဂယောင်း ၏အပြုအမူကြောင့်အံကြိတ်ကာလက်သီးတစ်ဝံ့ဝံ့ဖြင့်။

"မတွေ့တာရက်ပိုင်းလောက်ပဲရှိသေးတယ် .. မင်းကဆွဲဆောင်မှုပိုရှိလာတယ်နော် ဆော့ဂျင်း"

"မင်းစကားပြောလိုက်တာလဲ !! "

အနောက်မှ မထိတထိဖြင့််ပြောလာသည့်စကားကြောင့် ယွန်းဂီ ၏ဆုတ်ထားသည့်လက်တစ်ဖက်သည်စားပွဲခုံအားတစ်ချက်ထုလိုက်မိ၏ ။
အနောက်လှည့်၍ ချက်ချင်းဆိုသလိုခပ်အုပ်အုပ်အသံဖြင့်ကျိန်းတော့ ယွန်းဂီ အားကြောက်လန့်သည့်ပုံစံတမင်လုပ်ပြလာ၍မထီမဲ့မြင်သာလုပ်နေသည့် ဟန်ဂယောင်း ပင် ။
အမလေး .. သူ့မှာစသာစနေရတာ ၊
ဆော့ဂျင်း ဆိုတဲ့ကောင်လေးရဲ့ပတ်ဝန်းကျင်ကလူတွေကတကယ့် 'ဇ' တွေကြီးပဲ ။
သူ့ သူငယ်ချင်း မင်ယွန်းဂီ ဆိုလည်းလူကသာသေးတာ သတ္တိကမသေးဘူး ။

"စိတ်လျော့ ယွန်းဂီ .. အရှေ့မှာဆရာမလဲရှိနေတယ်လေ"

ဆော့ဂျင်း ကဝင်ထိန်းမှ တောက်တချက်ခေါက်ကာအရှေ့ကိုပြန်လှည့်လာသည့် ယွန်းဂီ ။

ဟိုတနေ့က ဟန်ဂယောင်း အားတစ်ချက်တောင်မထိုးခဲ့ရသောအဖြစ်အား သူ အခုထိကြိတ်မနိုင်ခဲမရဖြစ်နေတုန်း ။
ဆေးမိပြီး လဲနေသည့် ဆော့ဂျင်း ကိုပဲအာရုံရောက်နေသည်မို့ ဒီကောင့်လုပ်ရက်အားတစ်ချက်တောင်မဆုံးမဖြစ်ခဲ့ ။
အခုတော့ ဒီကောင့်မျက်နှာကိုမြင်တိုင်းပြေးထိုးချင်သည့်စိတ်ကိုမနည်းပင်ထိန်းရတော့သည် ။
အခွင့်အခါများကြုံလို့ကတော့ ဒီကောင့်မျက်ခွက်စုတ်ပြီပဲ ။

မင်း သတိသာထားနေပေတော့ ဟန်ဂယောင်း ~

.
.
.

ကျောင်းကန်တင်း၌ထိုင်ကာ နေ့လည်စာအတူတူစားနေကြသော ယွန်းဂီ တို့အတွဲနှင့် ဆော့ဂျင်း တို့၃ယောက်ပင် ။

At the Edge of the Earth [ Complete]Where stories live. Discover now