[ Unicode ]
At the Edge of the Earth
Pt. 26
"လူနာ ဂင်ဆော့ဂျင်း ကခဏတာအတိတ်ကိုသတိပြန်မရသေးတာပါ .. ပြောရမယ်ဆိုသူ့ memory တွေက သူ သတိမရချင်တော့တဲ့အချိန်တွေကိုဖြတ်တောက်ထားတဲ့သဘောမျိုးပေါ့ .. အရမ်းကြီးတော့မစိုးရိမ်ပါနဲ့ .. ဒါက accident ဖြစ်ထားတဲ့အရှိန်ကြောင့်လဲပါပါတယ် .. မကြာခင် အားလုံးကိုသတိပြန်ရလာမှာပါ"
ဆရာဝန်၏စကားအား အားလုံးသေချာအာရုံစိုက်နားထောင်နေသလို ဆော့ဂျင်း သည်လည်းကုတင်ထက်၌ငြိမ်သက်စွာသေချာနားထောင်နေသည်။
"ဒါဆိုအနားယူလိုက်ပါဦးနော် .. ကျတော်ညနေကျတစ်ခေါက်ပြန်လာခဲ့ပါ့မယ်"
နှုတ်ဆက်နေသည့်ဆရာဝန်အား အားလုံးမှာခေါင်းငုံ့၍အရိုအသေပေးလိုက်ကြတော့ ဆရာဝန်သည်လဲ အရိုအသေပြန်ပေး၍အခန်းထဲမှပြန်လည်ထွက်သွားလေ၏။
"အရမ်းကြီးလဲမစိုးရိမ်ပါနဲ့ မင်းပြန်သတိရလာမှာပါ ဆော့ဂျင်းနီ"
ယွန်းဂီ ပြုံး၍ ဆော့ဂျင်း ရဲ့ပခုံးပေါ်သို့လက်အသာတင်ကာနှစ်သိမ့်စကားဆိုတော့ ဆော့ဂျင်း သည်ခပ်ရေးရေးလေးအပြုံးတစ်ခုသာပြုံးလိုက်ပါသည်။
* * * * * * * * *
"ခင်ဗျားရောက်လာပြန်ပြီလားဗျာ...."
ကျောင်းအပေါက်ဝတွင် ကားအကောင်းစားကြီးအားကျောမှီကာရပ်စောင့်နေသော ထယ်ယောင်း ကိုတွေ့တော့ ဂျောင်ဂု စိတ်ပျက်ပျက်နှင့်ပြောလိုက်သည်။
"ငါမင်းကိုသတိရလို့"
"ခင်ဗျားရူးနေတာလား .. ကျတော်ဒီလောက်ခင်ဗျားကိုမကြိုက်ကြောင်းပြုမူနေလဲခင်ဗျားအခုထိကျတော့်နားတွယ်ကပ်နေတုန်း .. ခင်ဗျားဘယ်လိုလူလဲ"
"ငါမင်းကိုချစ်မိသွားလို့ပေါ့ .. မင်းကဘာလို့ငါ့ကိုဆိုသဘောမကျရတာလဲ .. ငါဘာလုပ်မိလို့လဲ"
နေ့စဉ်တစ်ရက်မပျက်ကျောင်းရှေ့သို့လာပြီး လာစောင့်နေတတ်သော ထယ်ယောင်း ဆိုတဲ့လူသည် သူ့ကိုတွေ့တိုင်းမငြူမငြူဖြင့်ဖွင့်ပြောစမြဲပင်။
သူ မကြိုက်ကြောင်း နှင့် စကားကြမ်းကြမ်းတွေကိုဘယ်လောက်ပဲပြောပြော ဒီလူသည်သူ့ကိုပန်းနဲ့ပေါက်နေသည့်အလား တစ်စက်မှစိတ်ပျက်သွားခြင်းမရှိ။
သူ့ ကိုချစ်ကြောင်း၊ကြိုက်ကြောင်းတွေ ဖွင့်ပြောဆဲပြောနေမြဲ။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin