[ Unicode ]
At the Edge of the Earth
Pt . 31
ရင်ခွင်ထဲ၌တရှုံ့ရှုံ့နှင့်ငိုရင်းအိပ်ပျော်သွားသော ဆော့ဂျင်း အား နမ်ဂျွန်း အိပ်ယာပေါ်၌အသာချပေးလိုက်ကာ ရင်ဘတ်ထိဆွဲ၍စောင်သေချာခြုံပေးလိုက်၏။
အရမ်းငိုလိုက်လို့ ပင်ပန်းသွားတယ်ထင်ပါသည်။
နီမြန်းနေသောနှာခေါင်းထိပ်လေးအား သူ , လက်ဖြင့်အသာညှစ်လိုက်၍ နဖူးပြင်လေးအားခပ်ဖွဖွအနမ်းပေးလိုက်တော့ နိုးသွားတယ်ထင်ပါ့ .. ဟိုလှုပ်ဒီလှုပ်လှုပ်ကာ ပြန်အိပ်သွားပြန်၏။နမ်ဂျွန်း ခပ်တိုးတိုးသက်ပြင်းချလိုက်တော့သည်။
ဆော့ဂျင်း ၏ဆံနွယ်လေးများအားသပ်တင်ပေးလိုက်၍ သူ့ရင်ထဲကအပူအလုံးကြီးအားပြေလိုပြေညား သက်ပြင်းမကိုသာဖိချနေရတော့သည်။
ဒီကောင်လေးအဆင်ပြေဖို့အတွက် သူ , ဘာလုပ်ပေးရမည်နည်း.....
.
."နမ်ဂျွန်း .. နမ်ဂျွန်း !! "
သူ၏နာမည်ခေါ်သံသဲ့သဲ့ကြားသောကြောင့် နမ်ဂျွန်း မျက်လုံးဖွင့်ကာကြည့်တော့ သူက ကုတင်အစွန်း၌ လက်တင်၍ခေါင်းချအိပ်ပျော်နေတာတဲ့လား။
ညကအတွေးလွန်နေသည်မို့ မိုးလင်းခံနီးမှမှေးခနဲအိပ်ပျော်သွားသည်ထင်ပါသည်။"ဘာလို့ဒီမှာအိပ်နေရတာလဲ?"
ကုတင်ထက်၌အခုမှနိုးလာပုံရသည့် ဆော့ဂျင်း ကသူ၏ကုတင်ဘေးမှာလာအိပ်နေသောမိမိအား အူကြောင်ကြောင်နှင့်မေးနေသည်မှာအသည်းယားစရာ။
"မင်းကိုစိတ်ပူလို့"
ပြန်ဖြေလာသည့် နမ်ဂျွန်း ရဲ့အဖြေက ဆော့ဂျင်း ရင်ထဲနွေးသွားသည်ဆိုအပိုပြောရာကျမလားပဲ။
နမ်ဂျွန်း ရဲ့မထင်ရင်မထင်သလိုဂရုစိုက်ပေးတတ်သည်ပုံစံကပင် လူကိုပို၍ရင်ခုန်စေသည်။"နိုးရင်လဲထတော့။ ငါဗိုက်ဆာနေပြီ မနက်စာပြင်ပေး"
အခုပဲကြည့် နောက်လူတစ်ယောက်လိုဖြစ်သွားပြန်ပြီ။
နမ်ဂျွန်း ဆိုသည့်အမျိုးကတကယ်ပဲ ရုပ်ပြောင်းရုပ်လွဲပညာကတော့အရမ်းတော်သလားမမေးနဲ့။
ခုနကပြောနေတာ သူ မဟုတ်တဲ့အတိုင်းပဲ။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin