Painful

2.5K 333 37
                                    

[ Unicode ]

                         At the Edge of the Earth

Pt . 29

"ဟေ့ကောင်..."

ကျောင်းအခန်းထဲထိုင်ထိုင်ချင်း မျက်စိရှေ့သို့အပြေးရောက်လာသော ယွန်းဂီ သည်သူ့အနောက်၌ ဂျီမင်း ကိုလည်းလက်တွဲခေါ်လာသေးသည် ။

"ဆော့ဂျင်း အဆင်ပြေတယ်မို့လား?"

"အင်း ပြေတယ် .. ငါသူ့ကိုအနားယူခိုင်းထားတယ်"

"ဆော့ဂျင်း က နေသိပ်ကောင်းသေးတာမဟုတ်ဘူး .. သူ့ကိုသေချာဂရုစိုက်ပေးပါကွာ"

ဂျီမင်း ကစိတ်ပူသောကြောင့် နမ်ဂျွန်း ထံအားကိုးတကြီးနှင့်အပ်နေရှာသည်။

"အင်း စိတ်ချပါ"

"ကဲပါ အဆင်ပြေတယ်ဆိုလဲ ငါတို့နေရာပြန်သွားတော့မယ် .. မင်းငါ့သူငယ်ချင်းကိုသေချာဂရုစိုက်နော် နမ်ဂျွန်း .. မင်းကိုငါယုံကြည်လို့အပ်ထားတာ"

ယွန်းဂီ မှာ ဂရုစိုက်ဖို့မှာနေတာလား .. ချိန်းခြောက်နေတာလားမသဲကွဲ။
နမ်ဂျွန်း အားလက်ညိုးငေါက်ငေါက်ထိုးကာပြောရင်း ဂျီမင်း ၏လက်ကိုဆွဲ မိမိနေရာသို့ပြန်သွားလေသည်။

မင်းသူငယ်ချင်းကိုစိတ်ပူနေတာငါသိတယ် ယွန်းဂီ။
ဒါပေမယ့် ငါ့ကတိကိုမတည်နိုင်တာတော့ တောင်းပန်ပါတယ်။
မင်းတို့ရဲ့သူငယ်ချင်းမှာ နောက်ထပ်နာကျင်စရာတွေပဲရှိတော့မှာမို့လို့။

"ဟာ ဆော့ဂျင်းနီ~~ "

နမ်ဂျွန်း တွေးနေတုန်းမှာပင် ဂျီမင်း ရဲ့ဝမ်းသာအားရအော်သံကြောင့်ကြည့်မိတော့ အတန်းထဲသို့လွယ်အိတ်လေးလွယ်လျက်ဝင်လာသော ဆော့ဂျင် သည်အေးအေးဆေးဆေးပင်။
ဘေးနား၌လည်းအတူတွဲလျောက်ကာဝင်လာတဲ့သူက ဟိုဆော့ နဲ့ပင်မို့ သူ့စိတ်ထဲတင်းခနဲ။

"ချီး !!"

နမ်ဂျွန်း ခပ်တိုးတိုးဆဲလိုက်ကာ ဆော့ဂျင်း ကိုပဲမျက်စိဒေါက်ထောက်ကြည့်နေလိုက်သည်။
ဆော့ဂျင်း ကတော့ ပြုံးရွှင်ပြီး ယွန်းဂီ ၊ ဂျီမင်း တို့နဲ့စကားပြောနေလိုက်တာများ သူ့ကိုတောင်တစ်ချက်လှည့်မကြည့်ဘူး။

At the Edge of the Earth [ Complete]Onde histórias criam vida. Descubra agora