Fair

2.9K 370 50
                                    

[ Unicode ]

           At The Edge of the Earth

Pt. 22

"နမ်ဂျွန်း..."

"......"

"နမ်ဂျွန်းနား...."

"......"

"ဟေ့ကောင် .. ဂင်နမ်ဂျွန်း !!"

ဟိုဆော့ လှမ်းခေါ်နေပါသော်လည် နမ်ဂျွန်း မှာအနောက်ကိုပင်တချက်လှည့်မကြည့်။
မကြားသည့်အတိုင်းသာရှေ့သို့ဆက်လျှောက်နေလေသည်။

ဟိုတစ်နေ့ကကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း နမ်ဂျွန်း သည် ဟိုဆော့ ကိုစကားလုံးဝမပြောတော့သည်မှာတစ်ပတ်ပင်ရှိပြီဖြစ်သည်။
အတန်းထဲအတူတူထိုင်တာတောင် ဘေးနားရှိနေသည့်သူ့ကို တစ္ဆေတစ်ကောင်လိုသဘောထားသည့်အလား မရှိသလိုပင်ဆက်ဆံ၏။
ဒီလိုအတိုင်းသာဆို အားလုံးရှုပ်ကုန်မည့်အဖြစ်သာဖြစ်တော့မည်။
ဒါ့ကြောင့် သူ ဒီနေ့တော့ရှင်းရှင်းလင်းလင်းဖြစ်အောင် နမ်ဂျွန်း နှင့်သေချာရှင်းရမည်။

"ဟေ့ကောင် ငါခေါ်နေတာမကြားဘူးလား!"

နမ်ဂျွန်း ၏အနောက်သို့ပြေးလိုက်သွားကာပခုံးအားဆွဲလှည့်၍ပြောတော့မှရုပ်တည်ကြီးဖြင့်ပြန်ကြည့်လာသည့် နမ်ဂျွန်း။

"မင်းငါ့ကိုသိလို့လား?"

မျက်ခုံးတစ်ဖက်ကိုပင့်တင်ရင်းပြန်မေးလာသည့်စကားကြောင့် ဟိုဆော့ ရယ်ချင်စိတ်ကိုထိန်းလိုက်ရသည်။
ပြန်ပြောလာတဲ့ပုံစံက ဒေါသအကြီးကြီးထွက်နေတဲ့လူတစ်ယောက်လိုမဟုတ်ဘဲ သူတို့သူငယ်ချင်း၂ယောက်ငယ်ငယ်ကလိုစိတ်ဆိုး၊စိတ်ကောက်ဖြစ်သည့်ပုံစံသာဖြင့်။
တကယ်ကို ဂင်နမ်ဂျွန်း သည်ငယ်ငယ်ကအတိုင်းမပြောင်းလဲသေးပါ။
သူ ပြောင်းလဲသွားတာတစ်ခုပဲ .. အဲ့တာ ဆော့ဂျင်း ကိုချစ်မိသွားတာ။

"ဟိုတစ်နေ့ကကိစ္စကြောင့်မင်းစိတ်ဆိုးနေတာဆိုရင် ငါ့ကိုရှင်းပြခွင့်လေးတော့ပေး နမ်ဂျွန်း"

"မင်းကဘာကိုရှင်းပြချင်နေသေးတာလဲ? .. သိပြီးသားကိစ္စကိုပဲငါ့ကိုထပ်ပြီးနာကျင်အောင်တမင်လာလုပ်နေတာလား ဟိုဆော့"

"ကျစ် .. မင်းကလေအခုထိကိုတဇွတ်ထိုးလုပ်နေတုန်း။ ကဲပါ မင်းနဲ့ငါဒီကိစ္စကိုသေချာရှင်းရှင်းလင်းလင်းဖြစ်သွားအောင် စကားပြောကြရအောင်လား...."

At the Edge of the Earth [ Complete]Unde poveștirile trăiesc. Descoperă acum