[ Unicode ]
At the Edge of the Earth
Pt. 21
"ကျစ် .. အရေးထဲကွာ ကားလမ်းကပိတ်နေရသေးတယ်"
ကျောင်းဆင်းဆင်းချင်း နမ်ဂျွန်း အားစိတ်ပူ၍ သူ ရှိရာသို့ကားဖြင့်အမြန်မောင်းထွက်လာကာမှ ရှည်လျားနေသည့်ကားလမ်းကြောကြောင့် တော်တော်နှင့်ရှေ့ကိုမရောက်တော့။
တလိမ့်လိမ့်နဲ့တစ်ဘီးချင်းလှိမ့်နေသည့်ဘီးကြောင့် ဆော့ဂျင်း စိတ်မရှည်ချင်တော့ပါ။နမ်ဂျွန်း တစ်ယောက်ညကအမူးလွန်၍အိပ်ရာထဲကနေပဲမထနိုင်တာလား?
နေမကောင်းများဖြစ်နေပြီလား?
ခေါင်းတွေပဲကိုက်နေပြီလား? ဆိုသည့်အတွေးတွေက သူ့ ရင်ကိုပို၍အပူတိုးစေသည်။"ဟာကွာ .. ဒီနေ့ကျမှချီးလိုတွေလာပိတ်နေလိုက်"
စတီယာတိုင်အားလက်ဖဝါးဖြင့်တစ်ချက်ရိုက်လိုက်ကာဆဲရေးဆိုမိသည်။
ဒါသည်လည်း ယာဉ်ကြောပိတ်ဆို့နေမှုကြီးကတုန်လှုပ်မသွားပါ။ သူ့ကိုခနဲ့သည့်အလား .. ပို၍ပင်ကြန့်ကြာလာလေ၏။"ဟင်..."
ရေငတ်နေသည့်လူတစ်ယောက်ကသောက်ရေအိုးစင်တစ်ခုကို တောက်တောက်ပပတွေ့လိုက်ရသလို အဝမ်းသာကြီးဝမ်းသာမိသွားသည်မှာ လူသွားပလက်ဖောင်းပေါ်၌လက်တွဲကာပြုံးရွှင်စွာဖြင့်လျှောက်နေကြသော ယွန်းဂီ နဲ့ ဂျီမင်းတို့ကိုတွေ့လိုက်ရသည်ကြောင့်ပင်။
ကြည့်ရတာ၂ယောက်သား date နေကြသည်နေမည်။
အိမ်မှာလဲအမြဲတွေ့နေကြသည့်ဒီအတွဲအားအကဲပိုသည်ဟုတွေးမိသော်လည်း သူ အပြစ်မတင်ရက်ပါ။
သိပ်ချစ်ကြတဲ့ချစ်သူတွေပဲ .. ၂ယောက်ထဲအတူတူဘယ်သွားသွား၊ဘယ်လာလာလုပ်ချင်ကြမှာပဲလေ။
ဒါပေမယ့်လဲ လက်ရှိမှာတော့သူ့အဖြစ်အားကူညီရန်ဒီ၂ယောက်သာရှိသည်မို့အားနာနာနှင့်ပင်အကူအညီတော့ရအောင်တောင်းရမည်။"ယွန်ဂီရား ~ .. ဂျီမင်းနား ~ "
ကားပြတင်းပေါက်မှခေါင်းပြူကာလက်ယက်လှမ်းခေါ်တော့ကြောင်တောင်တောင်လေးဖြင့်ကားဘေးသို့ရောက်လာသောထို၂ယောက်။
အစွမ်းကုန်ရယ်ပြကာမျက်နှာချိုအရင်သွေးရတော့သည်။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin