[ Unicode ]
At the Edge of the Earth
Pt. 09
"ဆော့ဂျင်းနား ! .. ဟေ့ကောင် ဆော့ဂျင်း !! "
အနောက်မှလှမ်းခေါ်နေသည့်ခပ်စစအသံကြောင့် ဆော့ဂျင်း လှည့်ကြည့်တော့ သူ့ဆီအားရဝမ်းသာစွာနဲ့ပြေးလာနေသည့် နမ်ဂျွန်း အားတွေ့လိုက်ရလေသည် ။
"ဟူး~ မောလိုက်တာကွာ"
ဆော့ဂျင်း ရဲ့ပခုံးပေါ်သို့လက်တင်လာကာ ကျန်လက်တစ်ဖက်က ဒူးပေါ်လက်ထောက်ထားရင်း ခါးကိုကိုင်းလျက်အမောဖြေရင်းပြောနေသည့် နမ်ဂျွန်း မှာအသက်တောင်မနည်းရှူနေရသည် ။
ဆော့ဂျင်း ကတော့ နမ်ဂျွန်း ရဲ့အပြုအမူအားကြည့်၍ မျက်ခုံးတစ်ဖက်ပင့်ကာသိပ်တော့ဘဝင်မကျသည့်ဟန် ။"မင်း ငါ့အနောက်ကနေလိုက်အော်ခေါ်နေရအောင် မင်းနဲ့ငါဘယ်တုန်းကအခုလိုရင်းရင်းနှီးနှီးရှိသွားကြတာလဲ?"
ဆော့ဂျင်း မှာပေစောင်းစောင်းနဲ့မေးတော့ နမ်ဂျွန်း ကသူ့ပါးချိုင့်လေးတွေပေါ်တဲ့အထိထရယ်လာသည်။
"မင်းကလဲကွာ .. တစ်စိမ်းတွေဆန်ပြန်ပြီ .. မင်းနဲ့ငါနဲ့က ငယ်ငယ်လေးထဲက တစ်တန်းတည်းသားသူငယ်ချင်းတွေပဲဟာ"
မျက်စိတစ်ဖက်မှိတ်ပြကာပြုံးရင်းပြောနေသည့် နမ်ဂျွန်း ၏ပြောင်စပ်စပ်မျက်နှာကြောင့် သူ ထုထည့်လိုက်ချင်တော့သည် ။
ဘယ်အချိန်ကြည့်ကြည့် ဒီကောင်ဟာတကယ်ကိုအချိုးမပြေတဲ့ကောင်ပါလေ ။"သူငယ်ချင်း?"
နမ်ဂျွန်း စကားအားအလိုမကျစွာအမေးထုတ်တော့ သူ့ပခုံးကိုစပ်ဖြဲဖြဲနဲ့လာသိုင်းဖက်သည့် နမ်ဂျွန်း ။
"မင်းအိမ်ပြန်မှာမလား? .. အတူတူပြန်ကြမယ် .. လာ"
"မင်းကားကဘယ်ရောက်သွားလို့လဲ?"
"ကျောင်းမှာထားခဲ့လိုက်တယ် .. လာစမ်းပါကွာ"
ဂျစ်ကန်ကန်လုပ်ချင်နေသည့် အနှီကောင်လေးအား နမ်ဂျွန်း သိုင်းဖက်ထားရာမှအားနဲ့ဆွဲခေါ်တော့ ဆော့ဂျင်း မှာအလိုမကျဟန် စုတ်တစ်ချက်သပ်၍ လေးပင့်ပင့်နှင့်လိုက်ပါလာတော့သည် ။
KAMU SEDANG MEMBACA
At the Edge of the Earth [ Complete]
Fiksi Penggemar[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin