[ Unicode ]
At the Edage of the Earth
Pt. 14
"အေးချမ်းလိုက်တာကွာ"
တဖြူးဖြူးတိုက်ခတ်နေသည့်လေပြေအေးများကြား လက်နှစ်ဖက်ဆန့်တန်းကာ ပင်လယ်ဘက်သို့ခေါင်းမော့ရင်း ဆော့ဂျင်း ရေရွတ်လိုက်သည် ။
စိမ်းပြာရောင်ရေလှိုင်းတွေကကမ်းစပ်ကိုလာလာကျီစယ်နေသည်မို့ သောင်ပြင်ကြီးလည်းစိတ်ဆိုးနေလောက်ပြီထင်။"ပြန်ကြတော့မယ်လေ အချစ်"
ပင်လယ်ဘက်မှဆန်တက်လာသည့်လေညှင်းတို့က လွင့်နေသော ဆော့ဂျင်း ၏ဆံနွယ်ပျော့ပျော့များကြားတိုးဝှေ့နေသည်မို့ ဆံနွယ်တို့ကဘယ်ညာယိမ်းကာစည်းချက်ကျနေ၏။
နမ်ဂျွန်း အနောက်မှနေ၍ထိုဆံပင်လေးတွေအားအသာဖွလိုက်ကာနားနားကပ်၍ပြန်ဖို့ပြောလိုက်လေသည် ။"နောက်တစ်ရက်လောက်ထပ်နေလို့မရတော့ဘူးလားကွာ .. မင်းကလဲ"
"မရဘူးလေကွာ .. ငါတို့ကျောင်းလဲတက်ရဦးလေ .. ပြန်ကြမယ်နော် .. လာ .. ကားပေါ်မှာလည်းပစ္စည်းတွေကိုအားလုံးအဆင်သင့်သိမ်းထားပြီးနေပြီ"
သူတို့ရဲ့ဟန်းနီးမွန်းခရီးစဉ်ရက်သည်လည်းပြည့်ပြီမို့ နဂိုနေရာကိုပြန်သွားရတော့မည်ဖြစ်သည်။
စိတ်ထဲကတိုင်းသာဆို သူ ဒီပင်လယ်ပြင်ကြီးအားမခွဲချင်သေးပါ။"ခဏ..."
"ဘာဖြစ်လို့လဲ အချစ်?"
"ခဏလေးပဲ"
နမ်ဂျွန်း ကိုလက်ကာပြကာ ပင်လယ်ဘက်သို့ပြန်လှည့်လိုက်ရင်း ဆော့ဂျင်း ထိုကျယ်ပြောလှသောပင်လယ်ပြာကြီးကို သေချာကြည့်လိုက်သည် ။
မျက်စိကိုအသာမှိတ်လို့ ပင်လယ်လေကိုတဝကြီးရှုရှိုက်လိုက်ရင်း မျက်လုံးကိုပြန်ဖွင့်ကာ မြင်နိုင်လောက်သည်အထိမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း သာယာလှသည့်ထိုရောင်စုံရှုခင်းတို့ကိုစိတ်ထဲဓာတ်ပုံရိုက်ယူထားသလိုမှတ်ထားလိုက်တော့သည်။"ရပြီ ၊ လာသွားမယ်"
"ဟမ် .. အဲ့တာဘာလုပ်တာလဲ အချစ်?"
"ငါလား ဒီနေရာလေးကိုသေချာမှတ်တာလေကွာ .. ဘယ်ချိန်ပြန်လာရမလဲမပြောတတ်ပေမယ့် မင်းနဲ့လာခဲ့တဲ့ပထမဆုံးနေရာလေးမို့ ငါနှလုံးသားထဲမှာသေချာမှတ်ထားတာ"
VOCÊ ESTÁ LENDO
At the Edge of the Earth [ Complete]
Fanfic[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin