Suprise

4.8K 533 37
                                    

[ Unicode ]

       At the Edge of the Earth

Pt. 03

                                                  

"ဆော့ဂျင်းနီ ဒီနေ့ ငါတို့အတန်းကိုကျောင်းသားသစ်ရောက်လာမယ်တဲ့"

"ဟုတ်လား .. ဘယ်သူလဲ ယွန်းဂီ?"

"Kim Group ကလေကွာ .. မင်းတို့နဲ့မျက်နှာချင်းဆိုင်အိမ်ကလေ။ မင်းသိမှာပါ"

ဆော့ဂျင်း ၏ပခုံးတစ်ဖက်အား သူ့ပုခုံးနှင့်လှမ်းတိုက်ရင်းပြောလိုက်သော ယွန်းဂီ။

ဆော့ဂျင်း ခေါင်းကိုမော့ကာ ခဏစဉ်းစားလိုက်၏။

"အော် .. သိတယ် သိတယ်။ ဒါမဲ့ သူတို့မှာက ထယ်ယောင်း တစ်ယောက်ပဲရှိတာမဟုတ်ဘူးလား? ၊ ပြီးတော့ ထယ်ယောင်းလေး ကငါတို့ထက်ငယ်တယ်လေကွာ .. ဘယ်လိုလုပ်ငါတို့ရဲ့အတန်းကိုပြောင်းလာမှာလဲကွ"

"သားအကြီးရှိသေးတယ်ကွ .. အဲ့တစ်ယောက်ကငယ်ငယ်ထဲကသူ့ဦးလေးနဲ့နိုင်ငံခြားမှာသွားနေနေတာ .. အခုသူ့အမေဆုံးလို့ ဒီမှာလာပြန်နေတာတဲ့။ သူ့ညီလေးကိုတော့ သူ့ဦးလေးနဲ့ပဲထည့်လိုက်တယ်ဆိုလား"

ယွန်းဂီ ရဲ့အားလေးလျှာလေးနဲ့ပြောနေတဲ့ပုံမှာ အိပ်ချင်နေတဲ့ပုံစံပင်။

ဒီကောင် အိပ်လဲအိပ်နိုင်လွန်းတယ်...

"ဒါဆို ထယ်ယောင်း ကဒီမှာမရှိတော့ဘူးပေါ့။ ကောင်စုတ်လေး .. ငါ့ကိုတောင်နှုတ်ဆက်မသွားဘူး"

"မင်းနဲ့ ထယ်ယောင်း နဲ့ကခင်တယ်ပေါ့"

စာရေးခုံပေါ်ခေါင်းစောင်းအိပ်နေပြီဖြစ်သော ယွန်းဂီ ကမျက်လုံးကြီးမှိတ်နေလျက်နဲ့ပင် ခပ်လေးလေးမေးလာပြန်သည်။

"ခင်တာပေါ့ကွ .. အိမ်ချင်းနီးတာကို"

"အော်....."

မပြောချင်ပြောချင်ပြောနေသော ယွန်းဂီ ကအိပ်ပဲပျော်တော့မည့်အတိုင်း။

ဆော့ဂျင်း ယွန်းဂီ ကိုကြည့်ကာနှာခေါင်းတစ်ချက်ရှုံ့လိုက်တော့၏။

"ဟေ့ကောင် သေမနေနဲ့တော့။ ထဦး ဆရာမလာနေပြီ"

ကျောကုန်းကိုသုံးလေးချက်ဆင့်ရိုက်၍ပြောတော့မှ 'ဟမ် ဘာလဲ' ဆိုတဲ့ပုံစံဖြင့်ထလာတော့သည်။

At the Edge of the Earth [ Complete]Where stories live. Discover now