Second Day Of Honeymoon

4.2K 452 24
                                    

[ Unicode ]

                            At the Edge of the Eart

Pt. 13

"သား ဂျီမင်း .. ဒီမှာခဏလာထိုင်ဦး"

အပေါ်ထပ်ကနေ ကျော့ကျော့မော့မော့ပြင်ဆင်ကာဆင်းလာသည့် ဂျီမင်း အား ဧည့်ခန်းထဲ၌ကျကျနနထိုင်နေသည့် အမေဖြစ်သူကလှမ်းခေါ်နေသည်မို့ ဂျီမင်း လက်ကနာရီကိုတချက်ကြည့်ကာပင် အမေဖြစ်သူ​ဆီသို့လျှောက်သွားလိုက်လေသည် ။
ယွန်းဂီ နဲ့ချိန်းထားသည်မို့ နောက်ကျမည်ကိုလည်းစိုးရိမ်လှသည် ။

"ဘာပြောစရာရှိလို့လဲ မေမေ?"

"သားကအပြင်သွားဦးမလို့လား?"

ပြင်ဆင်ထားသည့်သူ့အားမေးလာသည့် အမေသည် မရယ်မပြုံးနှင့်ခပ်အေးအေးသာပင် ။

"ဟုတ်တယ် မေမေ .. သား ချိန်းထားတာလေးရှိလို့"

"ယွန်းဂီ နဲ့လား?"

ထပ်မေးလာသည့်အမေးကြောင့် ဂျီမင်း မှာမျက်လုံးလေးတွေဝိုင်းစက်လာကာ အမေဖြစ်သူအားအံ့ဩစွာလှမ်းကြည့်လိုက်မိသည် ။
အမေ ကတော့ခပ်ယဲ့ယဲ့အပြုံးတစ်ခုကိုသာပြန်ပြုံးပြလာလျက် ။

"မေမေက ယွန်းဂီ ကိုဘယ်လိုသိတာလဲ?"

"မေမေ ကမင်းကိုမွေးလာတာပါ .. ကိုယ့်သားဘာတွေဖြစ်နေတယ် ၊ ဘာတွေလုပ်နေတယ်ဆိုတာကိုတော့ မိဘတွေကသိတာပေါ့ သားရယ် .. မေမေ ပြောချင်တာလည်းဒီကိစ္စကိုပဲသား"

"ဘာများလဲ မေမေ?"

"ယွန်းဂီ နဲ့သားကဘယ်လိုပတ်သက်နေကြတယ်ဆိုတာ မေမေသိတယ် .. ဒီတော့ သားဘာဆက်လုပ်ရမလဲဆိုတာကိုမေမေအထူးတလည်ပြောစရာမလိုဘူးထင်တယ် .. သား ဖေဖေ သိရင်ပြသနာတွေပိုရှုပ်ကုန်မယ် သား"

"ဒါမယ့် မေမေ .. ယွန်းဂီ ကို သားချစ်တယ်"

"သားဖေဖေကရှေးရိုးစွဲပုဂ္ဂိုလ်တစ်ယောက်ဆိုတာငါ့သားသိတယ်မလား .. ဒီကိစ္စသာသိရင် သား ဒီနိုင်ငံမှာနေရတော့မှာမဟုတ်ဘူး"

"ဟူး~~"

ဂျီမင်း သက်ပြင်းသာချလိုက်တော့သည် ။
တော်ရုံဆိုမပြောတဲ့အမေကအခုလိုပြောလာသည်ဆိုထဲက သူ နဲ့ ယွန်းဂီ တို့ရဲ့ပတ်သက်မှုကိုလက်ခံမပေးနိုင်ဘူးဆိုတာကိုသိသည် ။
ရှေ့ဆက် ယွန်းဂီ နဲ့ သူ ဘယ်လိုရှေ့ဆက်ရတော့မည်မသိတော့ ။

At the Edge of the Earth [ Complete]Opowieści tętniące życiem. Odkryj je teraz