[ Unicode ]
At the Edge of the Earth
Pt . 30
အလှဆုံးပန်းစည်းတစ်စီးကိုင်ကာ ကားအကောင်းစားကြီးအားကျောမှီ၍ ကျောင်းထိပ်၌ရပ်စောင့်နေသောကောင်လေးတစ်ယောက်။
ဒီရက်ပိုင်းအတွင်းအတန်းတင်စာမေးပွဲနှင့်မို့ သူထိုကောင်လေးနဲ့မတွေ့ရသည်မှာ ၃ပတ်လောက်ရှိနေပြီဖြစ်သည်။
မတွေ့ရသည်မှာကြာနေပြီဖြစ်တာကြောင့် ထိုကောင်လေးအား သူ တော်တော်လွမ်းလှပြီ။
ဒါ့ကြောင့်လဲ အခု စာမေးပွဲပြီးပြီးချင်းကို သူ ကျောင်းကနေဒီကိုတစ်ခါထဲတန်းလာခဲ့တာပဲကြည့်လေ။သူ ဒီကောင်လေးကိုမှတော်တော်စွဲလမ်းနေမိတာပဲ...
ကောင်လေးရောစာမေးပွဲဖြေနိုင်ရဲ့လား?
မတွေ့ရတဲ့အတောအတွင်းစာတွေကျက်နေရလို့ပင်ပန်းနေပြီလား? .. ပိန်များသွားလား?
တွေးကြည့်ရုံနဲ့တောင် ကောင်လေးရဲ့မျက်နှာလေးကိုမြင်ယောင်လာသည်မို့ အပြုံးတစ်ပွင့်က သူတောင်မသိလိုက်ပဲ ပြုံးရပြန်သည်။
လက်ထဲကပန်းလေးတွေတောင် အခုမှပိုလှနေသယောင်ယောင်။သူကသာ တစ်ယောက်ထဲတွေးပြီးသဘောတွေကျနေတာ .. ထိုကောင်လေးကတော့ သူ့မှသတိရပါ့မလားပဲ။
သေချာတာကတော့ သတိရဖို့နေနေသာသာ သူ့ကိုမမြင်ရလို့စိတ်ချမ်းသာနေမည်မှာတော့မသေအချာပါပင်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ဒီကောင်လေးအားတွေ့ရတော့မှာမို့ စိတ်တွေလှုပ်ရှားကာ ရင်တွေကလဲခုန်နေတာမှခပ်မြန်မြန်ကိုပါပဲ။
ကျောင်းဝန်းထဲကထွက်လာတဲ့ ကျောင်းသားကျောင်းသူတစ်ချို့ကတော့ ကိုယ့်အားကြောင်တောင်တောင်နဲ့ကြည့်လိုက် ခပ်တိုးတိုးတီးတိုးပြောလိုက်သွားနဲ့။အင်း .. သိပ်တော့မထူးဆန်းပါဘူး။
အရင်ကတော့အပြင်ဝတ်စုံကြီးနဲ့တက္ကသိုလ်ကျောင်းသားယောင်ယောင် ဘာယောင်ယောင် နဲ့ ကျောင်းရှေ့လာပြီး ဂျောင်ဂုဂီ ဆိုတဲ့ သူ့ crush လေးကိုလာကြိုနေကြဆိုတော့ အခုကျောင်းဝတ်စုံကြီးနဲ့ပန်းစည်းတကားကားလုပ်ပြီး တစ်ယောက်ထဲစပ်ဖြီးဖြီးရပ်နေမှတော့ လူတွေပြောကြတာအဆန်းလား...တွေးရင်း ဂျောင်ဂုဂီ အားတွေ့ရတော့မှာမို့ရင်တွေကတဖန်ပြန်ခုန်လာပြန်၏။
လက်ထဲကပန်းစည်းအားအသာမြှောက်လျက် နှာခေါင်းနားအသာတေ့လိုက်တော့ ခပ်သင်းသင်းနှင်းဆီဖြူရဲ့ရနံ့က လေပြေနဲ့အညီ နှာခေါင်းထဲတိုးဝင်လာလျက်။
ဂျောင်ဂုဂီ တော့ဒီနှင်းဆီပန်းကိုသဘောကျမှာပဲ...
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin