[ Unicode ]
At the Edge of the Earth
Pt. 34
အဖြူရောင်လိုက်ကာစနောက်မှထွက်လာသည့်နတ်သားတစ်ပါး။
မျက်ခုံးမွှေးထူထူ ၊ နှာတံစင်းစင်း ၊ သွယ်လျတဲ့မေးရိုးအကျနဲ့ ပန်းနုရောင်စိုအိအိနှုတ်ခမ်းထူထူလေးတွေ။
ခပ်ပြေပြေနဖူးပေါ်ကဝဲကျနေသည့် ငွေမှင်ရောင်အနည်းငယ်သန်းနေသော နူးညံ့ညံ့ဆံနွယ်လေးတွေကသေသပ်လှပစွာ ပုံဖော်ထားပြန်သည်။အရှေ့ကမြင်နေရသည့် သက်ရှိနတ်သားအရုပ်လေးအားမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသူမှာ ဧကန်အမှန်ကိုသတို့သားလောင်း၂ယောက်ပါပင်။
ဟန်ယူမီ မှာတော့မိန့်မိန့်ကြီးထိုင်နေလျက် ဘေးကသူမ၏သတို့သားလောင်းဖြစ်သူအား မကျေမနပ်ဖြင့်ဆွေဆွေကြီးစိုက်ကြည့်နေသော်လည်း ဟိုကသိပုံပင်မရ။
ပါးစပ်ကလဲခပ်တိုးတိုးပြောလိုက်သေးတာက ' ငါ့တုန်းကတောင်၂ယောက်လုံးရဲ့မျက်လုံးတွေကဒီလောက်တောင်တောက်ပရွှန်းလဲ့မနေဘူး' တဲ့လေ။
ဒီလိုကျ သူမ ကလူပိုကြီးတစ်ယောက်လိုပဲ။"ဝတ်စုံကတအားကြီးတစ်မျိုးဖြစ်မနေဘူးလား ဆော့?"
ဆော့ ရွေးပေးသည့်ဝတ်စုံအားဝတ်ပြနေရသည်မို့ မနေတတ်မထိုင်တတ် ဆော့ဂျင်း လှမ်းမေးလိုက်လေသည်။
သူ့စိတ်အတိုင်းသာဆို ရိုးရိုး wedding suit ပဲဝတ်ချင်တာ။
ဒါပေမယ့် ဆော့ က 'ဒါလေးဝတ်ကြည့် ကိုယ်သဘောကျတယ် ဂျင်လေး' ဆိုလို့သာ သူဝတ်ပြလိုက်ရခြင်း။
အခုတော့ သူဝတ်ပြီးထွက်လာထဲက ၅မိနစ်လောက်ထိဘာ reaction မှမပေးကြပဲ ၃ယောက်လုံးဒီတိုင်းကြီးစိုက်ကြည့်နေကြတော့ သူလဲရှက်လာရသည်။
ဒီလောက်စိုက်ကြည့်နေကြတာ တအားများထူးဆန်းနေလို့လားမသိ..."မထူးဆန်းဘူး ဂျင်လေး .. မင်းအရမ်းလှတယ်"
ပြုံး၍ပြောလိုက်သော ဟိုဆော့ ၏စကားတစ်ခွန်း။
ကွက်ခနဲပျက်သွားသော နမ်ဂျွန်း ၏မျက်နှာ နှင့် ခေါင်းငုံ့သွားသောခပ်ရဲရဲ ဆော့ဂျင်း ၏မျက်နှာလေး။
အခြေအနေတစ်ခုမှာခံစားချက်ခြင်းမတူတဲ့လူသား၂ယောက်..."ဒါပေမယ့် မင်္ဂလာဆောင်နော် ဆော့ .. မင်းငါ့ကိုဝတ်ခိုင်းတာကိုကြည့် .. မသိရင် show ပွဲမှာသီချင်းသွားဆိုမယ့်သူကြနေတာပဲ"
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin