Divorce

3.1K 404 37
                                    

[ Unicode ]

             At the Earth of the Edge

Pt. 18

မိုးလင်းတာနဲ့ သူ့အကျင့်ကမျက်လုံးတောင်မဖွင့်မိသေးဘူး။
ဘေးကအကောင်ပေါက် .. အဲ မဟုတ်သေးဘူး သူနဲ့ကခန္ဓာကိုယ်ချင်းအရွယ်အစားအတူတူလောက်ပဲဆိုတော့ အကောင်ပေါက်ကြီးပေါ့ဗျာ
အဲ့အကောင်ပေါက်ကြီးကိုတယုတယနဲ့ သူ့ဘေးမှာရှိ၊မရှိ အရင်စမ်းရတာက သူ့ရဲ့တနေ့တာအလုပ်ထဲတွင်လုပ်ဆောင်ဖြစ်သည့်အလုပ်ပင်ဖြစ်နေလေပြီ။
အခုလည်း သူ နိုးလာတာနဲ့ ဘေးကိုလက်ကအရင်စမ်းပြီးသားပဲ။

နမ်ဂျွန်း အိပ်ယာကိုအပေါ်အောက်ပုတ်ကာစမ်းကြည့်သော်လည်းထိမိတာကအိပ်ရာခင်းစချည်းသက်သက်သာ။
ချက်ချင်းပင်မျက်စိကိုစုံဖွင့်ကြည့်တော့အိပ်ရာပေါ်၌သူတစ်ယောက်ထဲသာရှိသည်။
အခန်းပတ်ပတ်လည်ဝေ့ဝိုက်ကြည့်တော့လဲတစ်စုံတစ်ဦးတစ်ယောက်၏အရိပ်ပင်တောင်ရှိမနေပါ။
ကြည့်ရတာ အချစ် စောစောနိုးနေတာပင်ဖြစ်ရမည်။

ညကအချိန်တွေဆီစိတ်ကခဏအလည်ပြန်သွားတော့ သူ့နှုတ်ခမ်းတို့ကအပေါ်သို့အလိုလိုကွေးညွှန့်သည်။
မနေ့ညကမှ ပို၍အချွဲသန်သော သူ့အချစ်အကြောင်းတွေးမိပြန်တော့လည်း အပြုံးထက်စောစွာရယ်သံကအရင်ထွက်လာပြန်သည်။
အိမ်အောက်ထပ်တွင်ရှိနေမည်ဖြစ်သော သူ့အချစ်အား သူတွေ့ချင်လှပြီ။
နမ်ဂျွန်း ပြုံးရင်းစောင်ကိုခြေစုံကန်လိုက်၍ အောက်ထပ်သို့အပြေးအလွှားဆင်းလာခဲ့တော့လေသည်။

မနက်ခင်းနိုးလာချိန်မှာ သူ့ အချစ်ကိုအရင်မြင်ချင်လှပြီ။

အောက်ထပ်ရောက်တော့တိတ်ဆိတ်ခြင်းက သူ့ကိုအရင်ဆီးကြို၏။
မီးဖိုချောင်သို့ဝင်ကာကြည့်သော်လည်း အချစ်ကရှိမနေပါ။

အချစ် ဘယ်များသွားပါလိမ့်...?

သို့သော် မီးဖိုခန်းရှိစားပွဲပေါ်၌မနက်စာများဖွယ်ဖွယ်ရာရာပြင်ဆင်ထားသည်ကိုတော့တွေ့ရလေသည်။

"အချစ် တစ်ယောက်မနက်စာပြင်ပြီးဘယ်များသွားနေတာလဲမသိဘူးကွာ"

နမ်ဂျွန်း ခပ်ရေးရေးအပြုံးဖြင့်တီးတိုးရေရွတ်လိုက်ရင်း ထိုစားပွဲပေါ်၌ဟင်းများအားမစားရက်နိုင်စွာသေချာကြည့်နေမိသည်။
ယောကျာ်းလေးသာဆိုတယ် ချက်လိုက်တာလဲစုံနေရောဗျာ .. တကယ်ကိုအစားဝါသနာကြီးပါပေတယ်။

At the Edge of the Earth [ Complete]Where stories live. Discover now