[ Unicode ]
At the Edge of the Earth
Pt. 20
" ဆော့ဂျင်း ငါ့အနောက်မှာရောက်နေတာကိုဘာလို့အစောကြီးထဲကမပြောတာလဲ မင်ယွန်းဂီ?"
မကျေနပ်သံဖြင့် သူ့ကိုမလိမ့်တပတ်လုပ်သွားသော သကောင့်သား မင်ယွန်းဂီ အားမေးတော့စပ်ဖြီးဖြီးနဲ့မထုံတတ်တေးလုပ်နေသော ယွန်းဂီပင်။
နမ်ဂျွန်း နှုတ်ခမ်းလှုပ်ရုံဖြင့်သာ ယွန်းဂီ ကိုဆဲလိုက်လေသည်။
ယွန်းဂီ ဆိုတာကလည်းခေသူမဟုတ် .. နမ်ဂျွန်း ကိုနှုတ်ခမ်းလှုပ်ရုံဖြင့်ပြန်ဆဲလေ၏။"ပြောစရာလား။ မင်းနဲ့ ဆော့ဂျင်း ဆို ငါက ဆော့ဂျင်း ဘက်ကပဲ။ ဆော့ဂျင်း ဘာပဲလုပ်ချင်လုပ်ချင်ငါကအလိုတူအလိုပါလိုက်လုပ်ပေးမှာ .. မင်းဘက်တော့မလိုက်နိုင်ပါဘူး"
"ချီးကောင်..."
"ငါကချီးကောင်ဆို မင်းကအီးကောင်"
"အီး နဲ့ ချီး ဘာကွာလို့လဲ .. အရူး"
"မကွာလို့ပြောတာလေ အပေါရဲ့"
ငြိမ်မခံတတ်တဲ့ နမ်ဂျွန်း နဲ့ စပ်စပ်ထိမခံတဲ့ ယွန်းဂီ တို့ကစကားအရာဖြင့်သတ်ကြသည်မှာ မထူးဆန်းတော့။
ဒါ့ကြောင့် တစ်ဝိုင်းထဲထိုင်နေသော ဟိုဆော့ နဲ့ ဆော့ဂျင်း မှာအာရုံပင်မစိုက်ပါ။
နေ့လည်စာကိုသာစိတ်ဝင်တစား စားနေကြသည်။"ဆော့ဂျင်းနီ...."
ရန်ဖြစ်နေရာမှ နမ်ဂျွန်း ကအံကြိတ်ကာကိုယ်ရှိန်သတ်ရင်း ယွန်းဂီ ဘေးရှိ ဆော့ဂျင်း ဘက်သို့မျက်နှာမူကာလှမ်းခေါ်လိုက်သည်။
ထမင်းစားလက်စဖြစ်နေသည့် ဆော့ဂျင်း ကတော့ပါးစပ်ထဲတစ်လုတ်ကိုသွင်းပြီးမှ နမ်ဂျွန်း ဘက်သို့ပြန်ကြည့်လေသည်။သို့သော်သူတို့၂ယောက်ကြား ခပ်စိမ်းစိမ်းလေပြေတို့တိုက်ခတ်နေမှုကြောင့်ဘာစကားမှထွက်မလာပဲ မျက်လုံးသေကြီးတို့ဖြင့်သာတစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြဆဲသာ....
"ဟိုဆော့ ငါနဲ့ခဏလိုက်ခဲ့ .. အအေးသွားဝယ်မလို့"
"ငါကဘာလို့လိုက်ရမှာလဲ?"
"လျှာမရှည်နဲ့ .. ငါလိုက်ဆိုလိုက်ခဲ့"
ယွန်းဂီ ကမာန်မဲကာမျက်လုံးကြီးပြူးလျက် ဟိုဆော့ ကိုခေါ်သည်။
မျက်နှာရှုံ့မဲ့နေတဲ့ ဟိုဆော့ ကတော့အထာမပေါက်တာမဟုတ် .. ပေါက်လွန်းလို့ကိုအဲ့နေရာကမရှောင်ပေးချင်တာ။
ဒါကို ယွန်းဂီ ဆိုတဲ့ဒီကောင်ဘယ်သိပါ့မလဲ။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin