[ Unicode ]
At the Edge of the Earth
Pt. 07
ဆော့ဂျင်း တစ်ယောက်ကျောင်းဝင်းထဲသို့ရောက်ပြီးခါမှ ခြေလှမ်းတို့ကတုံ့ဆိုင်းနေ၏ ။
တစ်ကျောင်းလုံးကကျောင်းသားကျောင်းသူတွေအမြင်မှာလည်း သူ့အားမသတီသည့်အကြည့်တွေအပြောတွေနဲ့မို့ စိတ်အိုက်နေတာလည်းပါသည် ။
ထိုသို့ သူ့အတွက်စိတ်ရှုပ်စရာကောင်းလှပါသော ဤနေရာအားခြေတစ်လှမ်းတောင် သူခြေချချင်စိတ်မရှိတော့ပါ ။
သူ ဆုံးဖြတ်ချက်တစ်ခုအားချ၍ မောင်းလာသည့်ကားအားကျောင်းပါကင်၌သာထိုးရပ်ခဲ့ပြီး ကျောင်းအပြင်သို့ပြန်ထွက်လာခဲ့တော့သည် ။ဟုတ်တယ် .. သူ ဒီနေ့ကျောင်းပြေးမည် ။
ကျောပိုးအိတ်ကိုတစ်ခြမ်းလွယ်လျက် နားကြပ်ကိုနားနှစ်ဖက်လုံးမှာတပ်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်၍ခြေဦးတည့်ရာလျှောက်လာခဲ့တော့သည် ။
တစ်ခါတလေ အခုလိုတစ်ယောက်ထဲလျှောက်သွားရတဲ့ခံစားချက်ကလည်း လွတ်လပ်မှုတော့ရသား ။
ကားလျှောက်မောင်းသည့်ခံစားချက်ထက် အခုလိုခြေဦးတည့်ရာလမ်းလျှောက်သွားရသည့်ခံစားချက်က ပို၍ပေါ့ပါးလှသည် ။"ရေခဲမုန့်ပဲ"
လျှောက်သွားနေသည့်အလျောက်မုန့်စျေးတန်းကြီးဟုယူဆရသောတစ်နေရာတွင် လူအများအပြားကလဲ ကိုယ့်လူအစုအဝေးနဲ့ပျော်ပါးနေကြသည် ။
ထိုနေရာတွင်သူ့မျက်လုံးထဲထင်းခနဲဝင်လာသည်က ရေခဲမုန့်ဆိုင်အကြီးကြီးတစ်ခု ။"ဦးလေးကြီးခင်ဗျ .. ကျတော့်ကိုချောကလပ်နဲ့ရေခဲမုန့်တစ်ခုလောက်ပေးပါနော်"
ရေခဲမုန့်အားလက်ညိုးထိုးရင်း ဆော့ဂျင်း ကမှာယူတော့ ရေခဲမုန့်သည်ဦးလေးကြီးကပြုံးပြုံးကြီးနှင့်ရေခဲမုန့်အားယူပေးလေသည် ။
"ဒီမှာ ရပါပြီ ကောင်လေး"
"ကျေးဇူးပါ"
ကျသင့်သည့်ငွေပါတစ်ခါထဲရှင်းပေးလိုက်၍ ဦးလေးကြီး လက်ထဲမှရေခဲမုန့်ခွက်အား သူ လွှဲပြောင်းယူလိုက်သည် ။
စိတ်ပေါ့ပါးလာသည်နှင့်အတူ ရေခဲမုန့်ခွက်လေးကိုကိုင်ရင်းမြောက်ကြွမြောက်ကြွဖြင့်လျောက်သွားကာ ဟိုဆိုင်လေးဝင်ကြည့်လိုက် ဒီဆိုင်လေးဝင်ကြည့်လိုက်ဖြင့် တစ်ယောက်ထဲအလုပ်တွေရှုပ်နေတော့သည်။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin