[ Unicode ]
At the Edge of the Earth
Pt. 17
"ဂင်ဆော့ဂျင်း ဒါနင့်လက်ချက်မလား! "
စားပွဲခုံသို့လာထုကာ ဒေါသတကြီးဖြင့်အော်ပြောလာသော ခပ်စွာစွာအသံတစ်ခုဆီက ယွန်းဟာ ဆီမှဖြစ်သည်။
"ကျစ် .. နင်ဘာပြသနာလာရှာပြန်ပြီလဲ ယွန်းဟာ?"
"ဒီမှာကြည့်...! "
ယွန်းဟာ ကဆောင့်အောင့်ပြောကာ သူ့ရှေ့ရှိစားပွဲပေါ်သို့ပစ်ချလိုက်သည့်ဓာတ်ပုံများ။
ဆော့ဂျင်း သူ့ရှေ့ရောက်လာသောပုံတွေကိုမတ်တပ်ရပ်လိုက်ရင်းယူကြည့်လိုက်သည်။
ထိုပုံတွေသည် ယွန်းဟာ နဲ့ အမျိုးသားတစ်ဦးနဲ့က Hotel အခန်းထဲ၌၂ယောက်တွဲကာပျော်ပါးနေကြသည့်ပုံရိပ်အချို့တွေသာဖြစ်သည်။"ဒါတွေကဘာတွေလဲ .. နင်နဲ့နင့်အကောင်နဲ့ဖြစ်နေတဲ့ပုံတွေကို ငါ့ကိုလာပြတော့ငါကဘာလုပ်ပေးရမှာလဲ?"
"ဒီပုံတွေကိုအွန်လိုင်းပေါ်မှာနင်ဖြန့်လိုက်တာမလား ဆော့ဂျင်း .. အောက်တန်းကျလိုက်တာ"
"ဘာ! ငါကဘာဆိုင်လို့လုပ်ရမှာလဲ? .. အဓိပ္ပာယ်မရှိတာတွေ"
အတန်းထဲကလူတွေကတော့ထိုရန်ဝိုင်းအားအေးအေးသာရပ်ကြည့်နေကြသည်။
သူတို့အတွက်ရန်ပွဲဆိုတာစိတ်ရှုပ်စရာမဟုတ်၊စိုးရိမ်စရာမဟုတ်၊ကြောက်စရာမဟုတ် .. အပျင်းပြေကြည့်စရာပွဲလို့ပင်သဘောထားကြတာပဲဖြစ်သည်။"နင်အပိုမပြောနဲ့ ။ ဟိုတစ်နေ့က ငါနင့်ကို နမ်ဂျွန်း နားမကပ်ဖို့လာပြောလို့နင်ဒါငါ့ကိုသက်သက်ပြန်အရှက်ခွဲတာမလား ဆော့ဂျင်း..! "
"ဘာဆိုင်လို့လဲ? ။ နင့်အကောင်ကိုတောင်ငါမသိဘူး"
"တော်တော့ ဆော့ဂျင်း .. နင့်ကိုငါတရားစွဲမယ်"
ယွန်းဟာ လက်ညိုးငေါက်ငေါက်ထိုး၍ပြောကာ ဒေါသအရှိန်ကြောင့် ဆော့ဂျင်း အားပါးရိုက်ရန်အားကုန်ရွယ်လိုက်တော့သည်။
*ဖြောင်း*
ပါးရိုက်သံက အခန်းတွင်းကျယ်ကျယ်လောင်လောင်ကိုထွက်လာ၏။
ရပ်ကြည့်နေကြသောကျောင်းသားကျောင်းသူများကလည်း 'ဟာ' ခနဲ အံဩသံအပြည့်ဖြင့်ပြူးပြဲလာကာ တတွတ်တွတ်တီးတိုးပြောကြရင်းပွဲကောင်းကိုစိတ်ဝင်တစားငြိမ်ကြည့်နေကြတော့လေသည်။
VOUS LISEZ
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin