[ Unicode ]
At the Edge of the Earth
Pt. 10
"ဟာကွာ .. ကျစ်"
လက်ထဲကသောက်လက်စအအေးဘူးအားစားပွဲခုံပေါ်သို့ဆောင့်ချကာ ဖွာလန်ကြဲနေသည့်သူ့ဆံနွယ်နက်တို့ကိုအပေါ်သို့တစ်ချက်ပင့်တင်လိုက်သည် ။
နမ်ဂျွန်း ခရီးသွားသည့်နောက်ပိုင်း သူ စိတ်မကြည်ဖြစ်နေတာနည်းနည်းကြာနေပြီ ။
ဒါပေမယ့်လည်း ကျောင်းမှာ နမ်ဂျွန်း ကိုမတွေ့ရတာ ၃ရက်နဲ့တစ်ပိုင်းပဲရှိပါသေးသည် ။
ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်မရှိ၍ပျင်းနေသည်ပဲလား .. ဒါမှမဟုတ် သူ့ကိုသတိရနေသည်ပဲလား မပြောတတ်။ပြတင်းပေါက်နားကနေတိုးဝင်လာတဲ့လေညှင်းတို့က သူ့အားကျီစယ်သယောင် သူ့မျက်နှာပေါ်ဖြတ်ပြေးသွားကြ၏ ။
စိတ်ရှုပ်ရှုပ်နဲ့ပင် တိုးဝင်နေသည့်လေတွေအားတောက်တစ်ချက်ခေါက်ကာ ပြတင်းပေါက်အားခပ်ကြမ်းကြမ်းထပိတ်လိုက်တော့သည် ။ဒုန်း !!
ပြတင်းပေါက်ပိတ်သံကျယ်သွားသည်နှင့်အတူ တစ်တန်းလုံးရဲ့အာရုံသည် သူ့ဆီသို့လှည့်ကြည့်လာကြသည် ။
ဒါကိုလည်း သူ ဂရုမပြုပါ ။
စိတ်ရှုပ်ရှုပ်နဲ့ပင် စားပွဲပေါ်သို့မှောက်၍အိပ်ချပစ်လိုက်တော့သည် ။ရှင်းရှင်းပြောရရင် သူ စိတ်လုံးဝမကြည်ပါ ။
"ဘာဖြစ်နေတာလဲ ဆော့ဂျင်း?"
အားလပ်ချိန်တိုင်း ကိုယ့်ဘေးနားမှာတောင်မနေ .. မတော်ရသေးသည့်သတို့သားလောင်းနဲ့ ချစ်ကြည်နူးနေသည့် ယွန်းဂီ က အခုမှ သူမှောက်အိပ်နေရာသို့လျှောက်လာပြီးလာမေးလေသည် ။
တော်သေးတာပါ့ .. သူငယ်ချင်းတစ်ယောက်လုံးကိုတော့သတိရသေးသား ။"နေမကောင်းလို့လား?"
ခေါင်းစောင်းမှောက်အိပ်နေသည့် သူ့နဖူးအားစမ်းကာမေးနေသည့်စကားကြောင့် ယွန်းဂီ ၏လက်အားခပ်ဖွဖွပြန်ဖယ်ကာ ခေါင်းပြန်ထောင်လျက် ပေစောင်းစောင်းပြန်ကြည့်လိုက်လေသည် ။
"ဘာဖြစ်တာလဲ?"
သူ့အကြည့်ကို မျက်မှောင်ကြုတ်ကာနားမလည်ဟန်ပြန်မေးတော့ ,
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin