ငယ်စဥ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြပြီး ကိုကို့ပေါ် အသက်ရွယ်ကြီးလာတာနှင့်အမျှ အရောင်တွေပြောင်းလဲချစ်ခဲ့တဲ့ ရိပေါ်က ပိုင်ဆိုင်ခွင့်ရဖို့ အထူးတလည်ဆုတော့မတောင်းခဲ့ပေမဲ့ မသိစိတ်ကနေတော့ ပိုင်ဆိုင်ချင်ခဲ့တာ အချိန်နှင့်အမျှပါပဲ....
အနေတည်သလို ရိပေါ်ကိုဆို ဘယ်တော့မှ မျက်နှသာမပေးခဲ့ဘူးတဲ့ကိုကိုက ရှေ့ဆက်နေ့ရက်တွေမှာ ရိပေါ်အပေါ်ပိုပြီး မုန်းလာဖွယ်ရှိတယ်။
ရိပေါ်အကြောင်းလေးအရင်ပြောပြမယ် ရိပေါ်မှာမိဘတွေမရှိတော့ပါဘူး ။ ရိပေါ်မှာ ရိပေါ်နဲ့ ဆယ်နှစ်ကွာတဲ့ ဝမ်ချောင် ဆိုတဲ့အကိုတစ်ယောက်ရှိတယ်။ ရိပေါ်အသက် ၇ နှစ်အရွယ် မှာပဲ မားနဲ့ပါးက မတော်တဆဖြစ်ကာကွယ်လွန်ခဲ့ပြီး တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ ဘွားဝမ်က စောင့်ရှောက်ကျွေးမွေးလာတာ အခု အသက် ၂၂ အရွယ်ထိပါပဲ။
ရိပေါ်တို့က အရမ်းမချမ်းသာပေမဲ့ လူတန်းစေ့တော့နေနိုင်ပါတယ်။
ချောင်ကော က တက္ကသိုလ်က ဆရာဖြစ်ပြီး ရိပေါ်ကတော့ ခုလက်ရှိ ရှောင်း company မှာ အလုပ်လုပ်တယ်။
ချမ်းသာလွန်းတဲ့ ရှောင်းအိမ်ရဲ့ ဘွားရှောင်းနဲ့ ဘွားဝမ်က မိတ်ဆွေတွေလေ။ ဘွားရှောင်းတို့ရဲ့ ခမ်းနားလှတဲ့ အိမ်ရဲ့ ဘေးခြံကပ်ရပ်မှာ ဘွားဝမ်ရဲ့ အနေတော်ကြည့်ကောင်းတဲ့ နှစ်ထပ်တိုက်ပုလေးက ရိပေါ်တို့နေတဲ့နေရာ။
ကိုကိုကတော့ ရှောင်းအိမ်ရဲ့တစ်ဦးတည်းသောသား ရှောင်းရှောင်ကျန့်တဲ့။ ရိပေါ်ထက် ၈ နှစ်ကြီးတဲ့ ကိုကိုပေါ့။ ကိုကိုက ရိပေါ်ကို ငယ်တုန်းကတော့ ခင်ပါတယ်။ ရိပေါ် တက္ကသိုလ်စတတ်တဲ့နှစ်မှာပဲ မနေနိုင်စွာ ဖွင့်ပြောမိတော့ကတည်းက ကိုကိုဟာ ရိပေါ်ကို ရှောင်ဖယ်သွားခဲ့တယ်။
အမှန်တော့ ရိပေါ်က Racer တစ်ယောက်ဖြစ်ချင်တာ။ အန္တရာယ်များလိုက်တာလို့ ကိုကိုပြောတော့ စွန့်လွတ်ခဲ့ပြီး ကိုကို့ကိုအမြဲ မြင်တွေ့ရပါစေစိတ်ကူးလေးနဲ့ ကိုကိုအုပ်ချုပ်တဲ့ ရှောင်း Company မှာ အလုပ်ဝင်ခဲ့တယ်။
ရိပေါ်က ခပ်မိုက်မိုက်နဲ့ဟိုပြဲဒီပြဲ အဝတ်စားလေးတွေကြိုက်တာ ။ဒါပေမဲ့ ကိုကိုက ကျနော်က ရိုးရိုးရှင်းရှင်းလေးပဲသဘောကျတာဆိုတဲ့ ဘွားရှောင်းကိုပြောနေတဲ့စကားကြားတော့ ရိပေါ်က ရိုးရှင်းတဲ့အဝတ်စားလေးတွေပဲရွေးဝတ်လာတာ နှစ်ချီခဲ့ပြီ။ ရိပေါ်က နားကပ်လေးတွေဝတ်ရတာကြိုက်ပေမဲ့လဲ ကိုကို့ရဲ့ စိတ်ရူပ်စရာကြီးကွာလို့ ပြောစကားမှာတော့ ထပ်မဝတ်ဖြစ်ခဲ့တော့ဘူး....

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....