ရိပေါ် မွေ့ယာထက်အိပ်မောကျနေတဲ့ ကိုကို့ကိုကြည့်ကာ တွေးနေမိတယ်။
ယခုအချိန်အားဖြင့် မနက်၉ နာရီရှိပြီ။
ချင်းလီနှင့်ချိန်းထားတာက ၁၁ နာရီ။ ဒီနေ့က ကိုကိုနဲ့ရိပေါ်ကြားက အထင်လွဲမှားခြင်းတွေ ဟန်ဆောင်နေရခြင်းတွေအကုန်ရပ်တန့်ပစ်မဲ့နေ့ပင်....
အရာအားလုံးကွက်တိကျအောင် ရိပေါ်ကစီစဥ်ပြီးသားလဲဖြစ်တယ်။နောက်ဆုံးပါပဲကိုကို ဒီနေ့က ရိပေါ်နောက်ဆုံး ကိုကို့အပေါ်ဟန်ဆောင်မဲ့နေ့ပါ။ ရှေ့လျှောက်တော့ ကိုကို့ရွေးချယ်မူ့ပေါ် အပွင့်လင်းဆုံးဟန်ဆောင်မူ့ကင်းကင်း လက်ခံပေးမှာဖြစ်တယ်....
မနေ့ညကအဖြစ်ပျက်မှာ နှစ်ယောက်လုံးအတော်ပင်ပမ်းသွားခဲ့ပြီး ကိုကိုကအတော်နှင့်နိုးဦးမှာမဟုတ်ဘူး။
ရိပေါ်ကသာ ဒီနေ့အတွက် ညကရင်းနှီးထားတာမို့ အစောကြီးနိုးကာ ပြင်ဆင်ရမည်...။
ကိုကို့ပါးကိုတစ်ချက်နမ်းကာ နာကြင်နေတာကိုအားတင်းလျက် ရေချိုးခန်းဝင်ကာ ရေမိုးချိုး ပြင်ဆင်လိုက်တယ်။
ရိပေါ်အဝတ်စားလဲ သည်ထိကိုကိုက အိမ်မက်မက်လို့ကောင်းတုန်းပင်....
အောက်ထပ်မှာ တီယင်းတို့ပြန်ရောက်နေပြီဖြစ်တာကြောင့် ရွမ်းကောစီသွားတယ်လို့ကိုကိုမေးရင်ပြောပေးပါဆိုကာ ထွက်လာခဲ့တော့တယ်.....
"ရော့ အကိုက်ခဲပျောက်ဆေး...။ အဖျားရှိနေတယ်ရိပေါ် မသွားပါနဲ့လား...။"
ရွမ်းကောက ရိပေါ်ပုံစံကိုကြည့်ကာ ဆေးတိုက်ဆေးထိုးလုပ်နေသည်မို့ ရိပေါ်ငြိမ်ခံနေလိုက်တယ်။ နဲနဲတော့ အားရှိမှဖြစ်မယ်လေ....
"ဘာမှမဖြစ်ပါဘူး ကောရာ...။အချိန်နီးနေပြီ ကျနော်သွားတော့မယ်။ ကိုကိုရောက်လာရင်သာ သေချာပြောပေး...။"
ပြုံးပြပြောကာ ထွက်သွားတဲ့ရိပေါ်ကိုကြည့်ကာ ဟောက်ရွမ်း ပြုံးလိုက်တယ်။
တစ်ကယ့်အဆိုးပေလေး....
........................."ဟက်... ကြိုရောက်နေတာပဲ...."
ခနဲ့ပြုံးနဲ့ ရိပေါ်ရှေ့ဝင်ထိုင်လိုက်တဲ့သူမက တစ်ချိန်ကလို သူ့မူပိုင် ကောက်ကျစ်တဲ့မျက်ဝန်းတွေနဲ့....

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....