တစ်ပါတ်စာ စျေးဝယ်ရန် တီယင်းက လိုအပ်တာတွေမေ့မှာဆိုးချရေးနေတာကို ရိပေါ်ကထိုင်ကြည့်နေမိတယ်။
ရုံးစောဆင်းတာကြောင့် အိမ်ပြန်လာခဲ့တာ အိမ်ရောက်တော့လဲ ထွေထွေထူးထူးလုပ်စရာမရှိတာကြောင့် စျေးဝယ်လိုက်သွားရန် တွေးလိုက်မိတယ်။
ဒီည ကိုကိုက ပါတီတစ်ခုတတ်စရာရှိတာကြောင့် ချင်းကျဲနှင့်သွားလေပြီ။ ပါတနာကိုယ်စီနှင့်တတ်ရသည့်ပွဲကို အတွင်းရေမူးနဲ့တတ်ပါတဲ့ကိုကိုက ဘယ်သူကသူ့အတွက်အရေးပါတယ်ဆိုတာ တစ်ဖက်လှည့်ကြေညာလိုက်သလိုပါပဲ။
ခုတလော လူအများစိတ်ဝင်စားနေကြတဲ့သတင်းတစ်ခုက ရှောင်းGp ရဲ့ CEOရှောင်းရဲ့ အိမ်ထောင်ဖက်က Third Weel တဲ့။ လှပပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ကို ဖျက်စီးတဲ့လူယုတ်မာဆိုပဲ။
ပေါ်တင်တော့မဟုတ်ဘူး မကြားကြားအောင်တော့ပြောကြတယ်။
မိသားစုချင်းရင်းနှီးတာကိုအခွင့်ကောင်းယူပြီး ယောက်ကျားတန်မဲ့ သူများအချစ်ရေးကိုဖျက်စီးပစ်ရက်သည်တဲ့။ ရှောင်း စီအီးအို အတွက် ချင်းလီကသာ အလိုက်ဖက်ဆုံးနဲ့ တစ်ဦးတည်းသော အိမ်ထောင်ဘက်ဖြစ်သင့်တာတဲ့။ ရိပေါ်နဲ့မတန်လိုက်တာဆိုပဲ။
ရုံးမှာပွက်လောထနေတဲ့ ဒီသတင်းတွေကြောင့် ကိုကိုကလဲ ခုတလော ရိပေါ်အပေါ် ဟိုးအရင်ကတိုင်းအေးစက်စက်။
ရုံးမှာလဲ ရိပေါ်ကို တိုးတစ်မျိုးကျယ်တစ်မျိုး ရူံချရွံချာသလို ဆက်ဆံကြတာကြောင့် စိတ်ပင်ပမ်းရသလို အိမ်မှာဆိုလဲ ကိုကို့ လျစ်လျူရူ့မူ့တွေကြောင့် နာကြင်ရ။ တစ်ခါတစ်လေ အဝေးကြီးထွက်သွားပစ်ချင်ပေမဲ့ ကိုကိုမပါဘူးဆိုတဲ့အသိက အခါခါသတ်တယ်။
ရိပေါ်က ကိုကိုမရှိရင်မနေတတ်တော့သူမို့ ဒီနာကြင်မူ့တွေကြားထဲ ဆက်နေရုံအပြင်မရှိခဲ့။
"သားလေး... !"
"ဗျ...ဗျာ...."
ရုတ်တရက်အတွေးလွန်နေစဥ် တီယင်းက အော်ခေါ်လိုက်သည်မို့ ထစ်ငေါ့စွာထူးမိလိုက်တယ်။
"ဘာတွေတွေးနေတာတုန်းကွဲ့ တီယင်းခေါ်နေတာသုံးခါတောင်ရှိပြီ။"

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....