ချင်းလီ ကျန့်ရင်ခွင်ထဲ မှီကာအတော်ကိုကျေနပ်နေမိတယ်။
သူမခင်းလိုက်တဲ့ Drama က အတော်လှပသွားတာပဲ...။
တစ်ကယ်ဆို ဝမ်ရိပေါ်ကို သူမချိန်းပြီး တစ်ဆက်တည်းကျန့်ကို စာပို့ထားလိုက်တာ*ကျန့် ရိပေါ်က ချင်းကိုတွေ့ဖို့ခေါ်တယ်။ မလာရင် အိမ်ထောင်ရှိတဲ့လူကိုဖျားယောင်းချူစားနေပါတယ်ဆိုပြီး မားကိုသွားပြောမယ်တဲ့။မားရဲ့အခြေနေကို ကျန့်လဲသိတယ်မလား။ခုမှသက်သာခါစ မားတစ်ခုခုဖြစ်ရင်ချင်းသေမှာ။ အာ့ကြောင့် ချင်းသွားတွေ့လိုက်မယ်နော်။ကျန့်စိတ််မပူရအောင် ပြောပြထားတာပါ။ လိုက်လာဖို့မလိုဘူးနော်ကျန့် company နားက Dream Cafe မှာပဲ မို့ ဘာမှမဖြစ်ဘူးရတယ်။*
ထိုစာလေးပါပဲ။ ထိုမျှလောက်လေးပဲရေးလိုက်တာ။ သေချာပေါက်ကျန့်လာမယ်ဆိုတာသိလို့လေ။ ဟက်... ပြောသားပဲ ကျန့်က သူမကိုသိပ်ချစ်ပါတယ်ဆိုတာ....
"ရိပေါ်အစား ကိုယ်တောင်းပန်တယ်ချင်း။ ကိုယ့်ကြောင့် ချင်း စိတ်ညစ်ရပြီ။"
တစ်နေရာရာကိုခေါ်သွားပေးပါဆိုတဲ့သူမရဲ့ စကားကြောင့်ကျန့်က လူသိပ်မရူပ်တဲ့ နေရာတစ်ခုကိုခေါ်လာပေးတါဖြစ်ပြီး ကားထဲမှာပဲ ကျန့်ရင်ခွင်ထဲနေ နေခြင်းဖြစ်သည်။
သူမမျက်နှာက အောင်နိုင်သူအပြုံးကိုရုတ်သိမ်းလိုက်ပြီး မျက်ဝန်းတွေငွေ့ရည်အနဲငယ်ဖွဲ့လို့ မော့်ကြည့်ကာ ခေါင်းယမ်းပြလိုက်တယ်။
"မဟုတ်တာ ကျန့်ရယ်။ချင်း ရိပေါ်ကိုနားလည်ပါတယ်။ရိပေါ်နေရာမှာ ချင်းဆိုလဲ ဒီလိုလုပ်မိမှာပဲလေ။ ဒါကြောင့် ချင်းစဥ်းစားတာက အလုပ်ထွက်တော့မယ်။နောက်ပြီး လတ်တလော မတွေ့ပဲနေရအောင်...."
"ဘာဆိုင်လို့လဲ ချင်းရယ်။ချင်းအဲ့လိုလုပ်စရာမလိုပါဘူး ။ "
"ဒါပေမဲ့ ရိပေါ်တင်မဟုတ်ပဲ company ကလူတွေရောချင်းကို အငယ်နှောင်းဆိုပြီးပြောဆိုနေကြပြီ။ချင်းတို့ကအရင်ချစ်ခဲ့ကြတာပါ။ဒါကို ခုလိုချင်းသိက္ခာလဲကျရပြီး ချင်းအချစ်တွေစော်ကားခံရတာ ချင်းအရမ်းပင်ပမ်းတယ်။ "
သူမရဲ့ပလီပလာစကားတွေမှာ ကျန့်က ချင်းလီကိုပိုတိုးဖက်လို့ ခေါင်းယမ်းသက်ပြင်းချတယ်။

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....