9

4.1K 263 20
                                    

ချင်းလီစိတ်ထဲပူပန်မူ့တွေက အများပြားပင်။
အကြောင်းရင်းက ကျန့်ကြောင့်ပဲ။
ဒီနေ့ရုံးမှာ San ဆိုသည့်လူက ဝမ်ရိပေါ်ကို အတွင်းရေးမူးအဖြစ်ထားချင်တယ်ပြောတော့ ကျန့်ကဟန်မဆောင်နိုင်အောင်မျက်နှာပျက်ယွင်းသွားပြီး မရဘူးဆိုကာ ယတိပျက်ငြင်းပစ်ခဲ့တာ....

ဘာကြောင့်လဲ မချစ်ဘူးဆိုပြီး ဘာကြောင့် ရိပေါ်နှင့်ပက်သက်ရင် အထိမခံနိုင်ဖြစ်နေရတာလဲ။

တစ်ခါနှစ်ခါမဟုတ်တော့ဘူး။ အရင်ကဆို သူမစကားတစ်ခွန်းဆိုတစ်ခွန်းဖြစ်တဲ့ကျန့်က ခုဆိုဝမ်ရိပေါ်ကြောင့် ပြောင်းလဲနေပြီ။
ရှေ့တစ်ပါတ်တုန်းကလဲ စာမလာသတင်းမကြားပဲ ပျောက်သွားတဲ့အကြောင်းက ဝမ်ရိပေါ်နေမကောင်းတာကြောင့်တဲ့လား..

ဟင့်အင်း သူမကျန့်ကိုဘယ်နည်းနဲ့မှဆုံးရူံးမခံနိုင်ဘူး။ ကျန့်ကိုသူမအရမ်းချစ်တယ်။

ချင်းလီဆိုတဲ့သူမက ငယ်ကတည်းက အဖေမရှိပဲဆင်းဆင်းရဲရဲကြီးပြင်းလာခဲ့တာ။
အချိန်ပိုင်းအလုပ်တွေသိမ်းကြုံးလုပ်တာတောင် ရောဂါသည်အမေရဲ့ဆေးဖိုးလောက်ငှရုံလေးနဲ့မငတ်ရုံလေးနေနိုင်ခဲ့တာ....

ထိုသို့ဘဝကိုကျင်လည်လာခဲ့ပြီး လွန်ခဲ့တဲ့သုံးနှစ်လောက်က Xiao company မှာ အလုပ်စဝင်ချင်း ကျန့်နဲ့စသိတော့တာပဲ။
စတွေ့ကတည်းက ကျန့်ကသူမအပေါ်ယိမ်းယိုင်ပြီး သူမရဲ့အခက်ခဲမှန်သမျှကိုလဲဖြေရှင်းကူညီခဲ့တာ...။

အစကတော့မိန်းမတို့သဘာဝ မူပြီးငြင်းခဲ့သေးတာပဲ ကျမတို့က ဘာမှမပက်သက်ပါပဲ ခုလိုတွေကူညီနေရင် ကျန့်ကိုသူများတွေဝေဖန်ကြလိမ့်မည်ဆိုတော့ ကျန့်က သက်ဆိုင်သူဖြစ်ခွင့်ပေးဆိုပြီးချစ်ရေးဆိုတော့တယ်။

ငြင်းမယ်လို့ထင်နေလား မဖြစ်နိုင်တာ သူမက ကျန့်ကို ချစ်လဲချစ်သလို သူ့ပိုင်ဆိုင်မူ့တွေလဲ ကြိုက်တယ်။

ချစ်သူဖြစ်ပြီး ကျန့်က သူမအပေါ်အကုန်အမ်းတော့တာပဲ။ အရင်နေတဲ့ ဆင်းရဲသားရပ်ကွက်အစား ယခုမြို့လည်က ကွန်ဒိုမှာနေရပြီ။ ဒါကလဲ ချစ်သူဖြစ်တာ တစ်လပြည့်ဆိုပြီး သူမနာမည်နှင့်ကိုဝယ်ပေးခဲ့တာ။

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now