"ခန ရှောင်ကျန့်...."
ကျစ်.....!!!
စိတ်တွေမွမ်းကျပ်လာတာမို့ ရှောင်ကျန့် မည်သူမှနူတ်မဆက်အား ခြံထဲအမြန်ထွက်လာခဲ့ရာ နောက်ကနေ နေဦးဆိုကာ သူ့ပုခုံးကို ဆွဲလှည့်လိုက်တဲ့ San ကြောင့် စိတ်ပျက်စွာ ကျစ်စုပ်သပ်လိုက်တယ်။
"ငါ ခု စကားမပြောချင်ဘူး San ။ "
"ငါလဲ မပြောချင်ပါဘူး ဒါပေမဲ့... "
ခွပ်....!!!
ရှောင်ကျန့်မျက်နှာ လည်ထွက်သွားသည်ထိ ထိုးလိုက်တဲ့ Sanကြောင့် ရှောင်ကျန့် ယိုင်ပါယိုင်သွားရတယ်။....
စိတ်ကတိုသွားသလို ခုဏက ပေါက်ကွဲထွက်ချင်စိတ်တွေ လွတ်ထွက်လာချင်တယ်။
"ဘာလုပ်တာလဲ မင်း...!!!"
"မင်းကများ ဘေဘီပါးကို ရိုက်ရဲတယ်။ရိုက်ရက်တယ်ပေါ့လေ ရှောင်ကျန့်...!!!။ ငါ့မှာဘယ်လောက်တန်ဖိုးထားခဲ့ရသလဲ...။ မင်းနဲ့ဆိုပျော်နိုင်မှာဆိုပြီး ရင်နာနာစွန့်လွတ်လိုက်ရတာ...။ မိန်းမတစ်ယောက်တွက်များ ဘေဘီကိုရိုက်တယ်တဲ့လား....။"
ပေါက်ကွဲကာ ပြောနေတဲ့ San စကားတွေကြောင့် ရှောင်ကျန့်မှာ စိတ်တိုစရာပျောက်ကာ ကြောင်နနဖြင့်...။ ရိပေါ်နှင့် ပြသနာဖြစ်တာ ဘယ်လိုသိသွားတာလဲ....။
သူ့ရဲ့မျက်နှာဘေးကို San က ကြည့်ကာ....
"ငါပို့ထားတဲ့ CCTV video File မကြည့်ရသေးဘူးလား...။"
"ဟင့်အင်း...။ ငါမသိသလို ကြည့်လဲမကြည့်ရသေးဘူး....။"
"မင်းကို စိတ်ပျက်တယ်ရှောင်ကျန့်...။ မိန်းမတစ်ယောက်ရဲ့မာယာမှာ မင်းနွားလုံးလုံးဖြစ်နေပြီ။ မင်းသိရဲ့လား မင်းနဲ့ပြသနာဖြစ်ပြီး ဆိုင်ထဲကျန်ခဲ့တဲ့ဘေဘီ စိတ်ဖိစီးလွန်းလို့ အသက်ရူနူံးကျပြီး သတိလစ်သွားခဲ့တာ...။ မင်းလှည့်မကြည့်ခဲ့ဘူးရှောင်ကျန့်ရဲ့...။ ငါသာ ရောက်မသွားရင် မတွေ့ခဲ့ရင်...။"
San က ဆက်မပြောပဲ အသက်ကိုဝအောင်ရူရိူက်လိုက်တယ်။ ခါးထောက်ပြီးမှ.....
"ငါဆေးရုံခေါ်သွားပေး အားဆေးချိတ်ပေးပြီးမှ ဒီကိုပြန်ပို့ပေးတဲ့အချိန် သိပ်မကြာဘူး ဘွားဝမ်ဆုံးသွားတယ်။ မင်းကတော့ မျက်နှာလွဲခဲပစ် ခရီးတောင်ထွက်လိုက်သေး....။ မင်းလက်ထဲက ဘေဘီကိုလုမယူခဲ့တာ ငါ့ဘဝရဲ့အကြီးမားဆုံးနောင်တပဲ....။ စိတ်ပျက်မိတာထက်ပိုတယ် မင်းကို...."

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....