16

5K 252 13
                                    

ရိပေါ် ရေမိုးချိုးအဝတ်စားလဲကာ ရုံးသွားဖို့ပြင်နေတုန်း ဖုန်းထဲစာဝင်လာတယ်။
ဖွင့်ဖတ်ကြည့်တော့ ထုံးစံအတိုင်း ပုံတစ်ပုံနှင့် စာအချို့....
ဒီတစ်ခါပို့တာတွေက ရိပေါ်နှလုံးသားပါမက ယုံကြည်မူ့တွေပါပျက်စီးသွားရတယ်။

ပုံကိုကြည့်လိုက် စာကိုဖတ်လိုက်နှင့် ရိပေါ်စိတ်တွေဂဏာမငြိမ်တော့ပေ....

မဟုတ်လောက်ဘူး။မဟုတ်လောက်ပါဘူး။ကိုကိုကဘယ်လောက်ပဲ ရိပေါ်ကိုမချစ်ပါစေ ဒီလိုကတိဖျက်မဲ့လူတော့မဟုတ်ဘူး...။

ရိပေါ်လက်တွေတုန်ယင်လာသလို မျက်ရည်တွေလဲထိန်းမရတော့ပေ။
လူက အားတွေပါနဲပီး မူးဝေလါသလိုပင်....။

မဟုတ်ဘူး..... လိမ်နေတာ...လိမ်နေတာကြီး...။သွားကြည့်ရမယ်။ဟုတ်တယ် ကိုယ်တိုင်မျက်မြင်မဟုတ်ပဲ ရိပေါ်မယုံနိုင်ဘူး....

ဆိုင်ကယ်ပေါ်တတ်ခွကာ သော့ထိုးနေပေမဲ့ လက်တွေတုန်နေတာကြောင့် သော့ပေါက်ထဲမရောက်....

ကျစ်စုပ်သတ်လို့ အသက်ဝဝရူကာသော့ကိုသေချာထည့်လိုက်ပြီး ရိပေါ်တို့အိမ်ဦးတည်လိုက်တယ်....

လီဗာတင်နေတဲ့လက်တွေက ချွေးစီးတွေပျံကာ ရွဲနစ်လို့....။
မဟုတ်လိုက်နဲ့ကိုကို။ တစ်ကယ်သာဆို ရိပေါ်ရဲ့နောက်ဆုံးမျှော်လင့်ချက်တွေ ကုန်ဆုံးရလိမ့်မယ်....

မင်ဂလာဦးအိမ်က ရှောင်းအိမ်တော်နှင့် မနီးမဝေးရပ်ကွက်မို့ အမြန်ရောက်လာခဲ့တယ်။အသားကုန်မောင်းလာတာကြောင့်လဲ ပါတာပေါ့....

ခြံထဲဆိုင်ကယ်ရပ်ပြီးသော့တောင်မဖြုတ်တော့ပဲ လှေကားထစ်တွေကျော်ခွတတ်လို့ နှစ်ဦးသဘောတူ သော့ခတ်ထားခဲ့တဲ့ မင်ဂလာအခန်းရှေ့ရောက်တဲ့အခါ ရင်ထဲအောင့်သက်သွားတာများ အသက်ရူဖို့ပါမေ့တယ်။

အခန်းတံခါးကအနဲငယ် ဟနေပြီး အထဲမှာလှမ်းတွေ့လိုက်ရတာက ဖုန်းထဲရောက်လာတဲ့ပုံအတိုင်း ရိပေါ်နှင့်ကိုကိုတောင်မအိပ်ရသေးတဲ့ မင်ဂလာခုတင်မှာ ကိုကိုနှင့်ချင်းကျဲက ထပ်လျက်သားရယ်....

လုပ်ရက်လိုက်တာ...။လုပ်ရက်လိုက်တာ ခင်များရာ.......

မျက်ရည်တွေကျမလာတော့ပဲ ရင်ထဲ ပိတ်ဆို့ကာ ဒေါသတွေ နာကြင်ခြင်းတွေသာ ဝင်ရောက်လာတော့ တယ်။

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now