"အား.... !!!မုန်းတယ်။ သိပ်မုန်းတယ် ဝမ်ရိပေါ်...။ နင်က ငါ့အတွက်အကြီးမားဆုံးရန်သူပဲ....။ ဟင့်...အင့်...."
ချင်းလီမျက်ရည်များကျကာ အခန်းထဲရှိမြင်မြင်သမျှ ပေါက်ခွဲဖျက်စီးနေမိတယ်....
ကျန့်က သူမကို လမ်းခွဲစကားပြောတယ်။ အဲ့တာလဲ ဝမ်ရိပေါ်ကြောင့်....
သုံးနှစ်ကျော်ချစ်လာခဲ့တဲ့သံယောဇဥ်မှမထောက် ဘာမဟုတ်တဲ့အမှားတစ်ခုတွက်သူမကို ရက်ရက်စက်စက် လမ်းခွဲရက်တယ်။
လမ်းခွဲပီးနောက်တစ်ရက် သူမစီရောက်လာတဲ့ စာတစ်စောင်က ကျန့်ရဲ့ အခြားလုပ်ငန်းဖြစ်တဲ့ Hotel တစ်ခုမှာ မန်နေဂျာနေရာတွက် ရွေ့ပြောင်းစာနဲ့ မားအတွက် ဆေးဖိုးကုန်ကျစရိတ်ကို လစဥ်သူပံ့ပိုးမည်ဖြစ်ကြောင်းတွေ.....
ဟား.... ဒီနည်းနဲ့သူ့ကို ပထုတ်လိုက်တာပေါ့...။ ပြောတော့ သူမကိုအချစ်ဆုံး သူမကသာ သူ့ဘဝလက်တွဲဖော်ပါဆို ဒါကို ခုတော့ ဝမ်ရိပေါ်ကြောင့် အမိူက်တစ်စ ၊ ဖြတ်လျှောက်လူတစ်ယောက်လို ပစ်ပစ်ခါခါကြီးလုပ်ပစ်လိုက်တာလား....
မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး။ ကျန့်ကို သူမပိုင်ဆိုင်ရရင် ဝမ်ရိပေါ်နဲ့လဲ ပေါင်းဖက်ခွင့်မရစေရဘူး....
လူတွေဟာ အချစ်ကြောင့်ပဲ နူးညံ့သိပ်မွေ့လာတတ်သလို အချစ်ကြောင့်ပဲ ရက်စက်ကြမ်းကြုတ်လာတတ်တယ်။ အပြစ်မဆိုနဲ့ ကျန့်....။ကျမက အတ္တကြီးတယ်.....
.....................
"ရိပေါ် CEO က သူ့စီလာဦးတဲ့...."
ပုံတွေအချောသတ်နေရင်း ရိပေါ်ကို ပြောလာတဲ့ လျိုကောကြောင့်ရိပေါ်မျက်မှောင်လေးကြုံ့မိတယ်။
ကိုကိုက ဘာကြောင့်ခေါ်ရပြန်ပြီလဲ....။ မတွေ့ချင်လို့ ရှောင်လေ တည့်တိုးလေဖြစ်နေတယ်။
မနက်ကလဲ ရုံးတတ်ဖို့ ရိပေါ်ကိုဝင်ကြိုသတဲ့....။
မလိုက်ဖြစ်ပေမဲ့ ထူးဆန်းပါပေ့ ကိုကို့ကားကို ရိပေါ်တစ်ခါလေးမျှမစီးဖူးသလို ကိုကိုကလဲ တစ်ခါမှခေါ်မတင်ခဲ့ဘူး။ မင်ဂလာပွဲနေ့ကတောင် ဘွားရှောင်းကားမို့သာ ခေါ်တင်ခဲ့ပုံပဲ....။အဲ့နေ့ကပဲ ကိုကိုနှင့်အတူကားစီးဖူးတာ...

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....