27(Final)⚠

8.2K 276 17
                                    

"တစ်ကယ်တော့ ကျနော်သတိရနေခဲ့တာ ကြာပြီ။ရှေ့တစ်လောဖျားတုန်းကတည်းကပဲ...။ ချင်းလီကိစ္စကို ကျနော်တမင်သပ်သပ်လုပ်ပြီး ကျန့်ကောကို လိမ်ညာခဲ့တာ...။အဲ့တာကြောင့် ကျန့်ကော ကြိုက်သလိုဆုံးဖြတ်ပါ။ "

သတိလစ်သွားတဲ့သဲငယ်ကို ဆေးရုံခေါ်လာခဲ့တယ်။ အဖျားတတ်ပြီးအားနဲသွားတာကြောင့်စိုးရိမ်စရာမလိုဘူးပြောကာ ဆေးထိုးပေးပြီး တအောင့်လောက်ကြာတော့ သတိရလာပါတဲ့သဲငယ်က အကြာကြီးရှောင်ကျန့်ကိုစိုက်ကြည့်နေပြီးမှ ပြောလာတဲ့စကားများ....

ရှောင်ကျန့်ဘာမှမဖြေမပြောပါပဲ ဒီတိုင်းသဲငယ်မျက်နှာကိုသာ ငေးကြည့်နေမိတယ်။

"ကျနော်အစကအဲ့လိုတွေလုပ်ဖို့ရည်ရွယ်ချက်မရှိခဲ့ပေမဲ့ သူမနဲ့ဆုံပြီး ခုလိုတွေဖြစ်သွားတာပဲ။ အဲ့တွက်ကျနော်က အငြိုးကြီးပြီး လှည့်စားလိမ်ညာတတ်တဲ့သူလို့လဲ ပြောလို့ရတယ်။ မိန်းခလေးတစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့သူလို့ လဲပြောလို့ရတယ်။ အဓိက ကတော့ ကျနော်ရည်ရွယ်တာ ကိုယ်ချင်းစာတတ်ဖို့မို့ ဘာပဲဖြစ်ဖြစ် ကျနော်လုပ်ခဲ့တာတွေနောင်တမရဘူး။"

"......."

"ဖြစ်ခဲ့သမျှတွက်လဲ မတောင်းပန်ချင်ဘူး။ ကျနော်လဲ ဒီလောက်လေးတော့စိတ်ဒုက္ခပေးခွင့်ရှိတယ်မလား....။ ခု လုပ်ချင်တာတွေလုက်ပြီးသွားပြီဆိုတော့ အားလုံးပြီးပြီလို့ထင်တယ်။ ကျန့်ကော... ကျနော်တို့ ကွာရှင်း....အွန့်....."

ရိပေါ်စကား အားလုံးကို ရိပေါ်မျက်နှာအားစေ့စေ့ထိုင်ငေးနေပါတဲ့ကိုကိုက ကွာရှင်းကြမလားဆိုတဲ့စကားမဆုံးခင် ဝုန်းခနဲ လူနာခုတင်ပေါ်ထိုင်ကာ ရိပေါ်နုတ်ခမ်းကို ဆွဲကိုက်လာတယ်....

ပေါက်သွားတဲ့နုတ်ခမ်းက ကျလာတဲ့သွေးစက်ကို လက်မလေးနဲ့ သုတ်ဖယ်ပေးကါ....

"သဲငယ် ယောက်ကျားကို ဘယ်လိုခေါ်လိုက်တာ...."

"အ့....!!"

မေးကာ ပါးဖောင်းလေးကို ကိုက်ပါတဲ့ကိုကို....

"ကွာရှင်းတဲ့စကား ဘယ်တော့မှမပြောဖို့ အရင်ကတည်းကပြောခဲ့တယ်မလား...."

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now