နေ့သစ်တစ်နေ့တိုင်းမှာ ကိုကိုနဲ့အစပြုရတာ ရိပေါ်တွက်ပျော်ရွှင်မူ့ပါပဲ..
အရင်ကဆို မိုးလင်းတာနဲ့ ကိုကို့စီအပြေးသွားပြီး မျက်နှာလေးသွားကြည့်ရတာ ခုတော့ အတူတစ်အိပ်ယာထဲကနိုးထရတာ ။ ကွာသွားပေမဲ့ ခံစားချက်ကတော့ နိုင်းယှဥ်စရာမဲ့ပါတယ်။ ရိပေါ်လောက်ကံကောင်းတဲ့သူရှိပါ့မလား....
မနက်စာလုပ်ပေးရမှာရယ် ကိုကို့ တွက်ပြင်ဆင်ပေးရမှာတွေကြောင့် တစ်ညလုံးယောင်လို့တောင် ရိပေါ်ဘက်လှည့်မအိပ်ပါတဲ့ ကိုကို့ကို ခနငေးလို့ စောင်လေးခေါက်ကာ ရေချိုးခန်းဝင်ရတယ်။
အမှန်ဆိုရိပေါ် တစ်ညလုံးမအိပ်ရသေးသလို မနေ့ကတည်းက ဘာမှမစားရသေးတာကြောင့် လူကမူးနောက်နုံးခွေနေတယ်။
ဒီနေ့မနက်တော့ ကိုကိုနှင့်နှစ်ယောက်တည်း လက်စုံစားရမယ်ဆိုတဲ့အသိနဲ့ ပျော်ရွှင်ပြုံးလို့။
ရေမိုးချိုးပြီးတာနှင့် အောက်ထပ်ဆင်းကာ မနက်စာကို ကိုကိုကြိုက်တဲ့ ထမင်းကြော်ရယ် နွားနို့ပူပူလေးရယ်ပြင်ဆင်ပြီးတုန်းပဲ ထမင်းချိုင့်လေးစီစဥ်ရတယ်။
အရင်ကလဲ ကိုကို့တွက်နေ့လည်စာကို ရိပေါ်က ပို့ပေးနေကျပဲလေ။အစကတော့ကိုကိုက လက်မခံပဲဆူငေါက်ပေမဲ့ ရိပေါ်က တစ်ဇွတ်ထိုးမို့ စိတ်ပျက်တာလားစိတ်ကုန်တာလားပြောပျင်းတာလားမသိ ရိပေါ်ရဲ့ထမင်းချိုင့်လေးကို မငြင်းတော့ဘူး။
ဟုတ်တယ် ရိပေါ်က အရင်တည်းက ကိုကိုနဲ့ပက်သက်ရင် မျက်နှာပြောင်ပါတယ်။ ဒါမှလဲ ကိုကို့နားနေခွင့်ရှိမှာကိုး။
တစ်ယောက်တည်းရှိမှပြိုလဲတာတော့ ဘယ်သူမှသိဖို့မလိုသလို ပြောပြမှာလဲမဟုတ်ဘူး။
ဒီတိုင်း ကိုကို့အမြင်မှာ ပြောခံရသလောက် အမှတ်မရှိ အရှက်မရှိပဲ တစ်ဇွတ်ထိုးနဲ့ ပေါ့ပေါ့နေတတ်သူလို့ပဲ မြင်ပါစေတော့။ရိပေါ်ထမင်းချိုင့်လေးပြီးသွားပြီမို့ ရုံးသွားဖို့အဝတ်လဲရန်နှင့် ကိုကို့ကိုနိုးရန် အပေါ်ထပ်ပြန်တတ်ခဲ့လိုက်တော့တယ်။
ကိုကိုက အိပ်ပုပ်ကြီးပါတယ်။ ဟိုးငယ်ငယ်လေးကတည်းက ရိပေါ်ကသာ ကိုကို့နိူးစက်ပဲ။ ရိပေါ်က အတင်းလူပ်ခါနိုးမှ စိတ်ဆိုးပြီး ထတတ်တာ....
YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....